"ဟုတ်"

နှစ်ယောက်သားစကား‌ေတွရင်းမောင်းလာတာ Centerရှေ့ရောက်တော့ကားရပ်လိုက်ပြီး ယွန်းကထွက်လိုက်ကာရှင်းကို တံခါးလာဖွင့်ပေးပြီး တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး ဝင်လာခဲ့ကြသည်

သူတို့ဝင်လာတာနဲ့ လူအများရဲ့အာရုံကထိုနှစ်ယောက်ဆီသို့

တစ်ယောက်ကRoyal Starရဲ့CEOမို့မသိသူမရှိ

တစ်ယောက်ကလည်းGolden Sunရဲ့တစ်ဦးတည်းသောသမီးမို့တွေ့ဖူးကြသည်

"မ လူတွေဝိုင်းကြည့်နေကြတာ လက်တွဲထားတာအဆင်ပြေပါ့မလား တော်ကြာသတင်းတွေထွက်ရင် မအလုပ်တွေထိခိုက်နေဦးမယ်"

"ရပါတယ် ကလေးရဲ့ဘာမှမဖစ်ပူး မကလေ ဖစ်နိုင်ရင် ကလေးကဒီက ယွန်းမြတ်ဖူးရဲ့အပိုင်ပါဆိုပြီး တစ်လောကလုံးကို ကြွားချင်တာ"

"ဟုတ်ပါပြီ"

နှစ်ယောက်လုံးတစ်ဆိုင်ဝင်တစ်ဆိုင်ထွက်Coupleအကျီတွေဝယ်လိုက် ရှင်းလိုအပ်တာလေးတွေ ယွန်းကဝယ်ပေးလိုက်နဲ့ သွားနေတုန်း

"မ"

"ဟင်ကလေး ဘာဖစ်လို့လဲ"

"ဟိုလေ ရှင်းဗိုက်ဆာလို့"

"ဟုလား မလည်း မနက်ကတည်းကမစားရသေးပူး လာလေသွားစားမယ်"

"ဟုတ်"

ပြောပြီး Centerထဲကစားသောက်ဆိုင်လေးမှာပဲဝင်ပြီး လူလွတ်တဲ့နေရာထိုင်နေပြီးရှင်းကသူကြိုက်တာတွေမှာနေပြီးခဏနေမှ

"မရောဘာစားမလဲ"

"ကလေးမှာထားတာတွေပဲစားတော့မယ်လေ"

"ဟုတ်ပါပြီ အာ့ဆိုလဲ အကိုဒါတွေပဲနော် မြန်မြန်လာချပေး"

ဆိုင်ဝန်ထမ်းကောင်လေးကိုလှည့်ကြည့်ပြီးပြောလိုက်တော့ ခေါင်းသာငြိမ့်ပြပြီး ပြန်ထွက်သွားလေသည်

"ကလေးမှာလိုက်တာတွေက နည်းတော့နည်းသလိုပဲ ဗိုက်ဆာလို့ဆို များများစားပါလား ကလေးရဲ့ ဗိုက်မဝပဲနေမယ်"

"မဟုပါပူး မရဲ့ ရှင်းကအဆာပြေလောက်ပဲစားတတ်တာမို့"

"ဟုတ်လို့လား ကလေးပိုက်ဆံမလောက်မှာဆိုးလို့လား အာ့ဆိုမပူပါနဲ့ မဝယ်ကျွေးမှာပေါ့ စားချင်ထပ်မှာလေ"

Lovely Ma Ma ⚡💛⚡Where stories live. Discover now