ရှင်းလည်းယွန်းဘက်လှည့်ကြည့်တော့ ဝက်အူချောင်းအစွန်းလေးကထွက်နေတာမြင်တာမို့ အာကာ့ဘက်ကို ဖဲ့တဲ့သဘောဆောင်တဲ့ အပြုံးလေးကိုပြုံးကာ ယွန်းနှုတ်ခမ်းနားက အစွန်းကိုနှုတ်ခမ်းနဲ့ပဲ လှမ်းကိုက်လိုက်တော့ ယွန်းကကြောင်တောင်တောင်နဲ့လှည့်ကြည့်ကာ
"ကလေး မပါးစပ်ထဲကစားစရာကို လုစားရတာသဘောကျတယ်ပေါ့ဟုလား"
"ဒါပေါ့ မနှုတ်ခမ်းကအချိုဓာတ်လေးနဲ့စားရတာပိုကောင်းနေသလိုပဲ"
"ဪ ကောင်းတယ်ပေါ့ ရော့"
ယွန်းကျန်တဲ့ပင်လယ်စာတစ်ခုကိုယူပြီး ရှင်းပါးစပ်ထဲထိုးထည့်ကာ ခုံကိုတိုးပြီးရှင်းနှုတ်ခမ်းနဲ့ယွန်းနှုတ်ခမ်းကိုထပ်တူကျစေပြီး ပြန်ခွာချိန် ယွန်းပါးစပ်ထဲ ပင်လယ်စာတစ်ဝက်ပါလာလေသည်
"မ!"
"ဘာလဲ ဘာလဲ သူ့လုပ်တော့ကျမကြိုက်ပူး"
ထိုအချိန်အာကာမှာတော့ မိုးမီးလောင်နေပြီး နန်းဆုမြတ်မှာတော့ ရီရခက်ငိုရခက်ဖစ်နေလေသည်
"အဟမ်း နန်းမြတ် sorryနော် နင်တို့ရှေ့မှာ မဟုတာတွေလုပ်ပြသလိုဖစ်နေလို့"
နန်းမြတ်-"ရပါတယ် ငါကြုံနေကျပဲဟာ သိတယ်မလား အတန်းထဲက အတွဲ"
ရှင်း-"အေးပါ ညလည်းနက်နေပြီ ငါတို့ပြန်တော့မယ် နင်တို့လည်းလည်ချင်လည်ကြဦး ဪ အကိုအာကာ မျက်စိနောက်သွားရင် sorryနော်"
ရှေ့မှာအကောင်းပြောပြီး အာကာ့ကျမှဖဲ့သလိုပြောလိုက်သည်
ရှင်းလည်းပိုက်ဆံရှင်းကာ အက်နေရာမှာပဲ မလှုပ်ပဲထိုင်နေတဲ့ မကိုဆွဲခေါ်လာကာ lover seatတွင်ထိုင်စေပြီး သူကိုယ်တိုင်သာကားအောင်ကာထွက်ခဲ့လေသည်
"မ ဘာဖစ်နေတာလဲ စကားလေးဘာလေးပြောပါဦး"
"ပြောပူး"
ရှင်း ကားကိုဘေးချရပ်လိုက်ပြီး ယွန်းဘက်လှည့်ကာ
"မ ရှင်းကိုကြည့်"
လှည့်ကြည့်မလာတာကြောင့် ရှင်းကားပေါ်ကဆင်းပြီး ယွန်းရှိတဲ့ဘက်ကတခါးကိုဖွင့်ကာ ယွန်းရှေ့မှာဒူးထောက်တော့
ESTÁS LEYENDO
Lovely Ma Ma ⚡💛⚡
Ficción GeneralAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part_12_~~
Comenzar desde el principio
