အပိုင်း(၁၁၅)

Start from the beginning
                                    

နောက်ဆုံး သူမခေါင်းထောင်နိုင်ဖို့ အားရှိလာတော့မှ သူမက အခန်းထဲက စင်မြင့်ဘက်ကို လှမ်းကြည့်လိုက်တယ်။ အင်္ဂလိပ်ဆရာက အခုထိရောက်မလာသေးတာကို သူမတွေ့လိုက်ရတယ်။ အဲ့တာနဲ့ ချက်ချင်းကိုပဲ စားပွဲခုံပေါ် ပြန်ပစ်လှဲချလိုက်တော့တယ်။

နောက်ဆုံးတော့ အတန်းကပြီးသွားခဲ့တယ်။ စာသင်ခန်းက နောက်ဆုံးတိတ်ဆိတ်သွားတော့မှ ချောင်လန်လဲ အေးအေးချမ်းချမ်းအိပ်လို့ရတော့တယ်။

အေးစက်နေတဲ့ လက်က သူမနဖူးပေါ်ကို ကျရောက်မလာခင်အထိပေါ့။ အဲ့လက်ကြောင့် ချောင်လန်ရုတ်တရက် လန့်နိုးလာခဲ့တယ်။ ဘေးဘက်ကိုလှည့်ကြည့်လိုက်တော့ သူမက ထန်းမော့ရဲ့ လှပတဲ့အညိုဖျော့ရောင်မျက်လုံးလေးတွေနဲ့ ဆုံတွေ့သွားတယ်။

ကောင်လေးက သူတစ်ခုခုအမှားလုပ်လိုက်မိသလိုမျိုး နည်းနည်းကြောင်သွားတယ်။ ပြီးတော့ သူ့မျက်လုံးတွေကလဲ သူ့မကို နည်းနည်းရှောင်နေတယ်။ ဒါပေမဲ့ သူက သူမဘက်ကိုဆက်ပြီးတိုးလာပြီး ချောင်လန့်ကို အသံတိုးတိုးလေးနဲ့ မေးလိုက်တယ်။ " ငါ့လက်က အရမ်းအေးနေလို့လား "

သူက ချောင်လန့်နဖူးပေါ်ကို လက်မတင်ခင် သူ့လက်တွေကို နွေးအောင်လုပ်ထားခဲ့တာပါ။ ဒါပေမဲ့ ကြည့်ရတာ သူ့လက်အပူချိန်က ချောင်လန့်အတွက် အရမ်းအေးနေတုန်းပဲနဲ့တူတယ်။

ချောင်လန်က ခေါင်းယမ်းလိုက်ပြီး " ဟင့်အင်း " လို့ပြောလိုက်တယ်။ သူမမှာက ခေါင်းမော့ဖို့အားမရှိသေးဘူး။ ပြီးတော့ သူမက ကောင်လေးရဲ့အနောက်ကိုဆုတ်သွားတဲ့ လက်လေးကို စိုက်ကြည့်နေလိုက်တယ်။ သူမကြည့်လိုက်တော့ သူ့ရဲ့ဖြူဖျော့နေတဲ့ လက်ကောက်ဝတ်ပေါ်မှာ ပွန်းပဲ့ရာတစ်ခုကို သေသေချာချာမြင်လိုက်ရတယ်။

ချောင်လန့်ရဲ့ နွေးနေတဲ့လက်က သူ့အလိုလိုပဲ ထန်းမော့လက်ကောက်ဝတ်ကို ဆွဲမိသွားတယ်။

ထန်းမော့အေးခဲသွားတယ်။ သူ့လက်ကောက်ဝတ်က ပွန်းပဲ့ရာက နာလာလို့လား၊ ဒါမှမဟုတ် ချောင်လန့်လက်က အပူချိန်ကြောင့်ပဲလားတော့ သူမသိတော့ဘူး။

သူမဦးနှောက်က အဖျားပိုးဝင်သွားလို့ နည်းနည်းအလုပ်မလုပ်တော့တာနဲ့တူတယ်။ ဒီနေ့ ချောင်လန်က အရင်ကထက်ပိုပြီး နည်းနည်းရဲတင်းနေတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now