အပိုင်း(၁၁၄)

Start from the beginning
                                    

ထန်းမော့နဲ့ ချောင်လန်နဲ့က အတွဲတွေပဲ!!!

ရုပ်ရှင်အတူကြည့်ပြီး လက်ကိုင်ထားကြတာ တစ်ကယ်လို့ ဒါက စုံတွဲတစ်တွဲ ချိန်းတွေ့တာ မဟုတ်ဘူးဆိုရင် အဲ့တာဆို ဘာကများဖြစ်နိုင်ဦးမှာလဲ??!!

အရင်တုန်းက ထန်းမော့ပြန်ရောက်လာတော့ လူတွေအများကြီးက သူတို့၂ယောက်ရဲ့ ဆက်ဆံရေးကို မေးခွန်းထုတ်နေကြပေမဲ့ အဆုံးမှာတော့ အဲ့တာတွေအကုန်လုံးက ထင်မြင်ချက်တွေပဲလေ။ ဘာပဲပြောပြော အခန်း၁၈က ကျောင်းသူကျောင်းသားတွေတောင် သူတို့၂ယောက် အရမ်းကြီး ရင်းရင်းနီးနှးနေတာကို မမြင်ဖူးကြဘူးလေ။

ဒါပေမဲ့အခုတော့ နောက်ဆုံးတော့ တစ်ယောက်ယောက်က ထန်းမော့နဲ့ချောင်လန်တို့ ချိန်းတွေ့တာကို တစ်ကယ်ကြီး တွေ့ခဲ့တယ်တဲ့လေ။ သူတို့က တစ်ခန်းထဲက အတန်းဖော်တွေတော့ မဟုတ်ပေမဲ့ ထန်းမော့နဲ့ ချောင်လန်တို့က သူတို့အထက်တန်းကျောင်းမှာ နာမည်ကြီးတဲ့ ဆယ်လီတွေလေ။ ပြီးတော့ အားလုံးနီးပါးက သူတို့ကိုသိကြတယ်။

တစ်ပတ်ကြာတော့ ထန်းမော့နဲ့ ချောင်လန်တို့တောင်မသိလိုက်ဘဲ အားလုံးက သူတို့၂ယောက်က အတွဲတွေဆိုတာကို ယုံကြည်နေကြပြီးပြီလေ။

ဒီသတင်းကို ဟောင်ရင်ကြားလိုက်တော့ သူက အချိန်ခဏလောက်ကြာအောင် စိတ်ပျက်အားငယ်နေတယ်။

အရင်တုန်းက အားလုံးက ဒီအကြောင်းကိုပြောနေကြပေမဲ့လို့ ဟောင်ရင်နေ့တိုင်းလေ့လာစောင့်ကြည့်မှု အရတော့ ချောင်လန်နဲ့ ထန်းမော့တို့က တစ်ယောက်နဲ့တစ်ယောက် စကားပြောတာအပြင် ဘာမှ ရင်းရင်းနီးနီးမနေကြပါဘူး။ ဒါပေမဲ့ အဆုံးမှာတော့ သူက ဒီလောက်ကြီးတဲ့ ထိုးနှက်မှုကို ခံလိုက်ရသေးတာပဲ။

အခုအချိန်ရောက်မှတော့ သူဆက်ပြီး ရူးသလိုဟန်ဆောင်နေလို့ မရတော့ဘူးလေ။

ဟောင်ရင်က အရမ်းဝမ်းနည်းလွန်းလို့ အတန်းတောင်ဆက်ပြီး နားမထောင်နိုင်တော့ဘူး။ သူ့မျက်လုံးတွေက ချောင်လန့်ခေါင်းနောက်ဘက်ကို ခါးသီးစွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ အကြာကြီးစိုက်ကြည့်နေပြီးတော့ သူ့အကြည့်တွေက ထန်းမော့ဘက်ကို ရွေ့သွားခဲ့တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now