နှင်းလဲ့-"ဪ အေးပါဟယ်"

သူငယ်ချင်းတွေအားလုံးစနောက်နေကြပေမယ့် ဝင်မပြောနိုင်သူ မျိုးမင်းဇေယျာမှာတော့ ဖုန်းလေးပေါ်မျက်ရည်မိုးရွာချနေလေပြီ

'ရှင်းရယ် နင်ရက်စက်တယ် ငါ့အချစ်တွေကိုမမြင်ချင်ယောင်ဆောင်နေတာတွေ ငါသိပါတယ် နင့်ကိုမပိုင်ဆိုင်ရလဲ အဝေးကနေတော့ ချစ်ခွင့်ပေးပါ'

{နင်မမြင်ချင်ယောင်ဆောင်နေတာလား နင်တကယ်မရိပ်မိပူးလား ရင်ထဲကအချစ်ဝေဒနာ~~~🙄ဘာတုန်းကွကိုယ်သီချင်းဆိုနေတာကို}

•°•°•°•°°•°•°•°°•°•°•°°•°°•°°•°•°•°•°•°°•°•°•°

ယွန်းလည်းအိမ်ပြန်ရောက်တာနဲ့ ရှင်းကိုနမ်းခဲ့တာတွေ ကိုယ်ကဖွင့်ပြောခဲ့တာတွေကိုပြန်တွေးရင်း

'အခု ကလေးကငါ့အပိုင်ပဲ ဘယ်သူမှလုလို့မရအောင်အပိုင်သိမ်းထားမယ် ဟိုကောင်လေး မင်းတော့ နောက်ဆုတ်တာကောင်းမယ်'

တွေးရင်းပဲ ယွန်း အကိုဟိန်းနန္ဒဆီဖုန်းဆက်ကာ

"Hello အကိုနန္ဒ ယွန်းကိုတစ်ခုလောက်စုံစမ်းပေး"

"ဟုတ်ကဲ့ သခင်မလေး..."

"အဟမ်း အဟမ်း"

ဟိန်းနန္ဒ ယွန်းကိုသခင်မလေးလို့ခေါ်လိုက်တာကြောင့် ချောင်းဟန့်ကာ သတိပေးသလို‌လုပ်လိုက်သည်

"ယွန်းကို အကိုကူညီပေးပါ့မယ် ပြောပါ"

"ရှင်းသုရောင်ဆိုတာကိုတော့အကိုသိမှာပါ သူနဲ့မျိုးမင်းဇေယျာဆိုတဲ့တစ်ယောက်ရယ်ကဘယ်ကနေဘယ်လိုစပတ်သက်ခဲ့လဲဆိုတာရယ် အက်ကောင်လေးအကြောင်းရယ်စုံစမ်းပေးပါ"

"ဟုတ်ကဲ့ အကိုစုံစမ်းလိုက်ပါမယ်"

"OK THANK YOU"

ပြောပြီးဖုန်းချကာ ရေချိုးပြီးညစာစားလိုက်သည် ညစာစားပြီးမှ ဖုန်းယူပြီးနာရီကြည့်တော့ ဆယ်နာရီ

'ကလေးက အိပ်ပြီလားမသိပူး'

~~တီ~~~တီ~~တီ....

"Hello~~~"

ဖုန်းကိုင်တော့ကြားလိုက်ရတဲ့အိပ်ချင်မူးတူးအသံလေးကြောင့် ယွန်းစိတ်တို့မရိုးမယွဖစ်နေလေသည်

Lovely Ma Ma ⚡💛⚡Donde viven las historias. Descúbrelo ahora