အခန်း(42.2)သနားစရာကောင်းသောကောင်းကင်ဆရာသခင်တစ်ယောက်၏ကမ္ဘာပျက်ကပ်ဘေးကိုကယ်တင်ခြင်

Start from the beginning
                                    

ဒေါသထွက်နေပေမယ့် ချင်းယီကတော့ ခေါင်းဆောင်ပီသစွာနဲ့အတတ်နိုင်ဆုံး စိတ်ကို ငြိမ်ငြိမ်ထားပြီး ဖြစ်နိုင်ချေတွေကို နည်းနည်းလေးတောင် ပြာယာမခတ်နေဘဲ ရှင်းပြလိုက်တယ်။

"မူဖေး၊ မင်း Countdown ရပ်သွားအောင်လုပ်နိုင်လား?"

မူဖေး ခဏလောက်စဉ်းစားပြီးမှပြန်ဖြေလိုက်တယ်။

" ဗို့ တစ်သောင်းအားလောက်ရှိတဲ့ လျှပ်စစ်ဓာတ်နဲဲ့ဆို အထဲက ဆားကစ်ဒ်ပြားပျက်စီးသွားလိမ့်မယ်၊ဒါဆို သတိပေးဉသြသံရော၊ Countdown ပါရပ်သွားလိမ့်မယ်"

စိတ်မကောင်းစရာတစ်ခုက ချင်းယီတို့အဖွဲ့ထဲမှာ မိုးကြိုးစွမ်းအားရှင်တစ်ယောက်မှရှိမနေတာပဲ။အခုချိန်မှာ အန္တာရာယ်တောထဲကနေ ဘယ်လို ​ခြေလှမ်းလှမ်းပြီး လွတ်အောင်ပြေးရမလဲဆိုတာ စဉ်းစားလို့မရဘူးဖြစ်နေတယ်။အဲ့အချိန်မှာ လုဟန်က ချင်းယီကို လက်ဆွဲ ပြီးမေးလိုက်တယ်။

"ဗို့တစ်သောင်းလျှပ်စစ်ဓာတ်ဆိုတာ ဘာကိုပြောတာလဲ?"

ဒီမေးခွန်းကို တခြားသူတစ်ယောက်ကမေးတယ်ဆိုလို့ကတော့ အရှုပ်ထုတ်တွေကြားမှာ အမှိုက်လာဖွနေရသလားဆိုပြီး ချင်းယီ အော်ဟစ်ကန်ကျောက်ပစ်မိမှာသေချာတယ်။ဒါပေမယ့် သူ့ရဲ့ကြောင်လေးCream puff ပြန်ဝင်စားတဲ့ သူကိုတော့ သူ စိတ်ရှည်ရှည်ထားပေးရမှာပေါ့။လုဟန်က ခေါတ်သစ်လူ့အဖွဲ့အစည်းနဲ့ထိတွေ့ဖူးတဲ့သူမဟုတ်တာကြောင့် နားလည်လွယ်အောင် ချင်းယီသေချာ ဉပမာပေးပြီးရှင်းပြလိုက်တယ်။

"အဲ့တာကကောင်းကင်ပေါ်က မိုးကြိုးလိုမျိုးကို ပြောတာ၊ စွမ်းအားတစ်သောင်းလောက်ပြင်းထန်ရင်ရပြီ"

[TN:သူများတွေသေရေးရှင်ရေးဖြစ်ပြီဟေ့ဆို ငလုတို့ကတော့ Ro ပြီ။မြေမြှုပ်ခံရမယ့် အဖွဲ့သားတွေအတွက်မျက်ရည်နှစ်စက်😏😏]

လုဟန် တစ်ခုခုကို သဘောပေါက်သွားတဲ့အမူအရာနဲ့ သူလွယ်ထားတဲ့ လွယ်အိတ်လေးထဲကနေ အဝါရောင်စက္ကူတစ်ရွက်ကိုထုတ်လိုက်ပြီး Secreen ပေါ်မှာကပ်လိုက်တယ်။ဘေးနားက လူတွေကတော့ လုဟန်လုပ်တာကို ကြောင်ပြီးကြည့်နေကြတယ်။ဒီလူက ပယောဂဆရာများလား?ပယောဂဆရာဖြစ်နေရင်တောင် စက်ပစ္စည်းတွေအပေါ်မှာ အင်းစက္ကူတွေလိုက်ကပ်နေရအောင်တော့ ကြောက်မနေသင့်ဘူးလေ။

How to die as heavy as mount TaiWhere stories live. Discover now