><><><><><><><><><><><><><><><><

ယွန်းတစ်ယောက် ရုံးပိတ်တာမို့ မထသေးပဲအိပ်နေရင်း ဖုန်းဝင်လာ၍ ကိုင်လိုက်တော့

"သမီး ယွန်းလေးလားကွယ် အန်တီပါရှင်းမေမေ"

"ဟုတ်အန်တီ ဘာဖစ်လို့လဲဟင်"

ပြောသံများမှာ ရှိုက်သံတွေပါနေတာမို့ မေးလိုက်ခြင်းပင်

"သမီးရှင်းလေး မူး....မူးလဲ.."

"ရှင်!"

စကားတောင်ဆုံးအောင်မပြောရသေး ထအော်လေသော် ယွန်း

"အာ...sorry အန်တီ ခုရောဘယ်လိုနေသေးလဲ ဆရာဝန်ရောခေါ်ထားပြီးပြီလား အန်တီသမီးအခုလာခဲ့ရမလားဟင်"

မေးခွန်းတွေကြီးမေးနေသောယွန်းကြောင့် ဒေါ်ခင်ကြည်ဘာမှမပြောတော့ပဲ

"သမီးသာ လာကြည့်ပါကွယ်"ဟုပြောကာဖုန်းချသွားသည်

ယွန်းလည်း သွားရန်ပြင်ပြီး ‌မနက်စာပင်မစားနိုင်တော့ ရှင်းအိမ်သို့သာ ဒုန်းဆိုင်းမောင်းလေသည်

ရှင်းအိမ်ရောက်လေတော့

"အန်တီရေ အန်တီ ရှင်းလေးရေ ရှင်း"

ရှိသမျှလူသာအော်ခေါ်တော့ အန်တီနဲ့ ဆရာဝန်ဆင်းလာ‌တာမြင်တော့

"အန်တီဘယ်လိုဖစ်ရတာလဲ ဆရာရှင်းအခြေနေဘယ်လိုရှိလဲဟင်"

"သမီး စိတ်ငြိမ်အောင်ထားပါ "

ဆရာဝန်ကပြောပေမဲ့ ယွန်းမှာစိတ်ပူရလွန်းလို့သေတော့မည့်နှယ်

"လူနာက အိပ်ရေးပျက်ထားတာတွေရယ် အစားသောက်ပျက်တာ‌ေတွကြောင့်မို့ အားနည်းပြီးမူးလဲတာပါ"

ယွန်းလည်းဆရာဝန်စကားကြားတော့

'ရှင်းကအိပ်ရေးပျက်တယ် အစားသောက်ပျက်တယ် ဘာလို့ပါလိမ့်ပြီးမှမေးကြည့်ရမယ်'

ယွန်းက ဆရာဝန်ကို ခေါင်းသာငြိမ့်ပြလိုက်ပြီးပြီး အပေါ်ထပ်တက်လာတော့ ရှင်းသူငယ်ချင်းများနဲ့ ရှင်းအဖေပါရှိတာမို့ အပြေးတက်လာရာမှ တည်တည်ငြိမ်ငြိမ်သာ ဝင်လာပြီး

"ဦးလေး"

ဦးမြင့်မောင် သူ့အားဦးလေးဟုခေါ်သူအားကြည့်လိုက်‌ ဓာတ်ပုံဘောင်လေးအားကြည့်လိုက်ဖြင့် ကြည့်နေရင်း

Lovely Ma Ma ⚡💛⚡Donde viven las historias. Descúbrelo ahora