"နင်ကလည်း လေသံကမာလိုက်တာ မြန်မာပြည်ရောက်ပြီး အောင်မြင်နေတော့ မေ့ပြီပေါ့ဟာ"

"အဟက်.. အာကာ နင်အပိုတွေပြောမနေနဲ့ ငါအလုပ်လုပ်နေတယ် ဘာကိစ္စလည်း"

"ဘာမှမဟုပါပူး မြန်မာပြည်ပြန်ရောက်ကတည်းက နင်နဲ့ငါနဲ့မတွေ့ကြသေးတော့ အားတဲ့နေ့တွေ့ရအောင်လို့"

"နင်အားတဲ့နေ့ငါလည်းအားတယ်လေဟယ် နင်လည်းCEOငါလည်းCEO အတူတူပဲလေ Companyမတူပေမယ့် နားရက်အတူတူပဲကို ဒါပဲ"

ပြောပြီး ဖုန်းချလိုက်တော့ ဝင်လာသော Notificationဝင်လာ၍ မြင်ရသည့်မြင်ကွင်းကြောင့်

'သွားပြီ အကြီးကြီးသွားပြီ လုံးဝကိုသွားပြီ ကလေူကဖုန်းတွေထပ်ခေါ်ထားတယ် ငါတောါပြန်ချော့ရတော့လေမလား'

ယွန်းလည်း ချက်ချင်းပဲ ပြန်ခေါ်လိုက်တော့ နည်းနည်းကြာမှဖုန်းဝင်ကာ

"Hello မမဖုန်းခေါ်နေတာဘာလို့မကိုင်တာလဲ စိတ်ဆိုးနေတာလား ရှင်းတောင်းပါတယ်နော် ရှင်းနောက်ခါမလုပ်တော့ပါပူး"

အသံလေးကြားလိုက်ရတော့ အလုပ်ပင်ပန်းတာတွေတောင်ပျောက်သွားသလို

စကားတွေဆက်တိုက်ပြောကာ တောင်းပန်နေတဲ့ကလေးကြောင့် ထရီမိလေတော့

"ဟမ် မမ ရှင်းပြောတဲ့ထဲမှာ ရီစရာပါလို့လား ရှင်းဖုန်းခေါ်တာဘာလို့မကိုင်တာလဲလို့"

"မမ သူငယ်ချင်းနဲ့ဖုန်းပြောနေလို့မသိလိုက်ပူး"

'ဪ ငါကသာစိတ်ဆိုးမှာ စိတ်ပူနေတာ သူကတော့ သူငယ်ချင်းတွေနဲ့တောင် ဖုန်းပြောနေတာတဲ့လား မမအတွက်ရှင်းကဘာလဲ'

"........"

တိတ်ဆိတ်သွားတဲ့ရှင်းကြောင့် ယွန်းမှာစိတ်ပူသွားသည်

"ရှင်း ပြန်ပြောဦးလေ ရှင်း"

"ဟုတ်မမ ရှင်းက မမစိတ်ဆိုးမှာကြောက်လို့ပါ"

"စိတ်မဆိုးပါပူးရှင်းရယ် ဒါပေမယ့် ရုတ်တရက်ကြီး ဆိုတော့ လန့်သွားတာ"

"တောင်းပန်ပါတယ်မမရယ် မမကစိတ်ဆိုးနေတာမို့ ပိုစချင်စိတ်ကြောင့် လုပ်မိသွားတာတောင်းပန်ပါတယ်နော်"

တောင်းပန်ပါတယ်ကို အခါခါပြောနေသူလေးကြောင့် ခက်ပါပြီ

"ရပါတယ် ဒါနဲ့ရှင်းကျောင်းဘယ်တော့ပြန်ဖွင့်မှာလဲ"

"ဟုတ် နောက်တစ်ပါတ်နေရင်ပါမမ"

"ဪ ဟုတ်ပြီ ဟုတ်ပြီ ရှင်းပြောစရာရှိသေးလားဟင် မမအလုပ်လုပ်နေလို့"

"အာ ဘာမှမရှိတော့ပါပူး စိတ်မဆိုးရင်ပြီးတာပဲ ဒါပဲနော်"

"Omm"

ဖုန်းချသွားတော့ ယွန်းလည်း အလုပ်ဆက်လုပ်ပြီး ပြီးသွားတော့ အချိန်က ဆယ့်တစ်ပင်ထိုးနေပြီမို့ ယွန်းအိပ်ရန်အပေါ်ထပ်သို့တက်လာကာ ကိုယ်လက်သန့်စင်ကာပင် အိပ်လိုက်လေသည်

<<<<<<<<<<<<<<<<<<<<<<<<<<<<

ရှင်းလည်းဖုန်းချသွားတော့မှ

"ဟူးးးးးးးးးး"

သက်ပြင်းတစ်ချက်ချကာ

'စိတ်ဆိုးမနေလို့တော်ပါသေးရဲ့ ဒါပေမယ့် သူ့သူငယ်ချင်းဆိုတာ သူငယ်ချင်းရောဟုရဲ့လား ဟာ သူငယ်ချင်းပဲနေမှာပါလေ'

ရှင်းလည်းဆက်တွေးမနေပဲ အိပ်စက်လိုက်တော့သည်

🌌🌌🌌🌌🌌🌌🌌🌌🌌🌌🌌🌌🌌🌌

Goodnightပါနော် Upလိုက်ပါပြီ ဟဲဟဲ

ညနေကထမင်းစားရင်း ကိုယ့်လျှာကိုယ်ကိုက်မိတယ် ဘယ်သူကများ ကျွန်တော့်ကို ကြိမ်းနေလည်းမသိပူး😅

~~ကြိုးစားလျှက်~~_Shinn_Suu_~~

🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹🌹

Lovely Ma Ma ⚡💛⚡Where stories live. Discover now