အပိုင်း(၁၁၁)

Start from the beginning
                                    

အဲ့တာကြောင့် ထန်းမော့ခြိမ်းခြောက်မှုက အရမ်းကလေးဆန်ပေမဲ့လဲ အတန်းပိုင်ဆရာ့ကို ခြိမ်းခြောက်နိုင်သေးတာပေါ့။

ထန်းမော့နေရာလေးပြောင်းလိုက်မိတာနဲ့ သူက ဒီလိုကျောင်းသားကောင်းတစ်ယောက်ကို ဆုံးရှုံးသွားရနိုင်တယ်လေ။ အဲ့တာကြောင့် သူဘာဆုံးဖြတ်ချက်လုပ်ဖို့လိုနေလဲဆိုတာ သိသာနေတာပေါ့။

ဒါပေမဲ့ ထန်းမော့ရဲ့ ခြိမ်းခြောက်မှုအပြင် အတန်းပိုင်ဆရာက နောက်တစ်ခုကိုလဲ စိုးရိမ်နေသေးတယ်။

ခုနတုန်းက ချောင်လန်က သူမကထန်းမော့နဲ့ ကျိန်းသေပေါက်ကို တွဲနေတာမဟုတ်ပါဘူးလို့ ပြောသွားပေမဲ့ ထန်းမော့က အဲ့လိုငြင်းတာမျိုး မလုပ်ခဲ့ဘူး။ အတန်းပိုင်ဆရာက ထန်းမော့ခေါင်းထဲကို ဖောက်ပြီးမမြင်နိုင်ရင်တောင်မှ ထန်းမော့က ချောင်လန့်ကို ကြိုက်နေတယ်ဆိုတာကို မျက်စိကန်းနေတဲ့သူတောင် မြင်နိုင်နေတယ်လေ။

အတန်းပိုင်ဆရာက စည်းကမ်းကြီးပေမဲ့ သူက စာအုပ်ကြီးအတိုင်း လုပ်တာတော့မဟုတ်ဘူးလေ။ ကျိုးကြောင်းခိုင်လုံတဲ့ တွေးခေါ်မှုအရတော့ အထက်တန်းမှာ ရည်းစားထားတာက ကောင်းတာထက် ဆိုးတာကို ပိုဖြစ်စေတယ်။ ကျောင်းသူကျောင်းသူအများစုရဲ့ ကျောင်းစာတွေက ရည်းစားထားလို့ နှောင့်နှေးကုန်တယ်။ ဒါပေမဲ့ ဘယ်နေရာမှာမဆို အမြဲတမ်း ချွင်းချက်တွေကတော့ ရှိတာပဲ။ ပြီးတော့ အချင်းချင်းအားပေးပြီးလို့ အဆုံးမှာ ထူးချွန်သွားတဲ့ ဥပမာတွေလဲ အများကြီးရှိတာပဲ။

ဒီလိုမျိုးဆိုမှတော့ ဝင်စွက်ဖက်လို့ ကောင်းတာရှိလာမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲ့တာက ဆန့်ကျင်ဘက်ရလဒ်ကိုပဲ ဖြစ်လာစေမှာ မလို့လေ။

ဒါပေမဲ့ ထန်းမော့နဲ့ချောင်လန်တို့က ဘယ်အမျိုးအစားထဲမှာပါမှန်းတော့ အတန်းပိုင်ဆရာက သေချာမပြောတက်ဘူး။ သူက သူ့ရှေ့က မျက်နှာသေကြီးနဲ့ ကောင်လေးကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ချစ်စိတ်ရော စိတ်ရှုပ်တာတွေရော ပြသနေတယ်။ အကြာကြီး စဥ်းစားပြီးသွားတော့ သူကပြောလိုက်တယ် " တစ်ကယ်လို့ မင်းနဲ့ ချောင်လန်နဲ့ ဆက်ပြီးတူတူထိုင်ချင်တယ်ဆိုရင် မင်းတို့ ဖြည့်ဆည်းပေးရမဲ့ လိုအပ်ချက်တစ်ချို့တော့ ရှိတယ်။ မင်းတို့ရဲ့ အဆင့်တွေက လုံးဝကျမသွားရဘူး။ "

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now