"မမ ရော့......"

ပေးပြီး ရေချိုးခန်းထဲသာတန်းပြေးလာခဲ့ပြီး သွားတိုက်ရန်ပြင်ကာ သွားတိုက်နေစဉ် ခါးကိုအဖက်ခံလိုက်ရသည်

"မ...မမ ဘာ...ဘာလုပ်တာလဲ သွားတိုက် မျက်နှာသစ်လေ အလုပ်သွားရဦးမှာမဟုပူးလား"

မျက်နှာနဲ့နားရွက်ဖျားလေးတွေနီရဲကာ စကားအထစ်ထစ်ဖြင့်ပြောနေမိသည်

"ရှက်....တတ်.....လိုက်...တာကွာ"

တလုံးချင်းစီနားနားကပ်ပြောနေပြီး နှာဖျားတို့က တချက်ချက်လာထိတော့ သူ့ကိုကျီစယ်နေသလိုလို...

"မ..မဟုပါပူး မမရဲ့ လန့်...လန့်သွားလို့ပါ ရှင်းပြီးပြီ မမပြီးရင်ထွက်ခဲ့နော်"ဟုပြောကာထွက်သွားသည်

ယွန်းလည်းပြီးသည်နှင့်ထွက်လာ‌ပြီး အခန်းထဲဝေ့ဝိုက်ကြည့်တော့

'ဒီကလေး ဘယ်ရောက်သွားလဲမသိပါပူး'

တွေးရင်းအောက်ဆင်းလာတော့ မနက်စာစားဖို့ထိုင်စောင့်နေကြသည်မို့ ယွန်းအားနာရသည်

"အန်တီနဲ့ရှင်း ယွန်းကိုစောင့်နေတာလားဟင် မစားနှင့်ပါပဲနဲ့ အားနာစရာကြီး"

"ရပါတယ် သမီးရဲ့လာစား"

"ဟုတ်"

ပြောပြီး ရှင်းဘေးကခုံကိုဝင်ထိုင်လိုက်ပြီး မနက်စာစားလိုက်သည်

"အန်တီသမီး အလုပ်သွားရဦးမှာမို့ ပြန်လိုက်ပါဦးမယ်ရှင့်"

"အေး‌ပါ သမီးရယ် ဂရုစိုက်သွားဦး"

"ဟုတ်"

ပြောပြီး ပြန်ထွက်တော့မယ့်အချိန်

"မမ"

ခေါ်သံကြောင့်လှည့်ကြည့်တော့ လက်မနဲ့လက်သန်းလေးနဲ့ ဖုန်းပုံစံလုပ်‌ပြတော့

ယွန်းလည်းကဒ်လေးတစ်ခုပေးလိုက်သည်

"အက်တာမမကဒ် လိပ်စာရော ဖုန်းနံပါတ်ရောပါတယ် သွားပြီနော်"

ပြောပြီး ပြုံးပြသွားကာ ထွက်သွားလေ၏

'မအပြုံးတွေကို ရှင်းပဲပိုင်ချင်တယ် မရယ်'

ရှင်းလည်းစားပြီးပြီမို့ ထသွားကာ အခန်းထဲရောက်တော့ အခုနကသူ့ကိုဖက်ထားသူလေးပုံကို မြင်ယောင်ကာ ခွီနေတော့သည်

Lovely Ma Ma ⚡💛⚡Where stories live. Discover now