ရှင်းနဲ့အပေါ်ထပ်တက်လာပြီး ယွန်းကဧည့်သည်ခန်းသို့ဝင်တော့မည့်အချိန် နွေးထွေးစွာ ဆုပ်ကိုင်လာသောလက်တစ်စုံကြောင့်လှည့်ကြည့်ကာ
"ပြောစရာရှိလို့လား ရှင်း"
"ဟုတ် ရှင်းနဲ့လာအိပ်ပါလားလို့ အဆင်မပြေရင်လည်း ရှင်းအိပ်တော့မယ်နော် Goodnight 🌌" ဟုဆိုကာ ဆုပ်ကိုင်ထားသောလက်တစ်စုံက ဖြေလျော့သွားသော်လည်း ယွန်းကဆွဲထားမိပြန်သည်
"မမလည်း နေရာပြောင်းရင် အိပ်မရတာမို့ ရှင်းနဲ့ပဲအိပ်ဖို့ပြောမလို့ပဲ ရှင်းမဆင်မပြေမှာစိုးလို့"
"မပြေစရာမရှိပါပူး ဟဲဟဲလာ"
ခေါင်းအုံးလေးပိုက်ကာ အထဲထဲဝင်လာပြီး ကုတင်ပေါ်တက်ထိုင်နေတဲ့မမက ချစ်ဖို့ကောင်းပါသည်
"မမ အကျီလဲဦးမလား"
ရှင်းမေးတော့ လက်ယက်ခေါ်ကာ သူ့ဘေးကကုတင်ဘေးနေရာကိုလက်နဲ့ပုတ်ပြကာခေါ်နေလေသည်
"ကဲပြော...ဘာကိစ"
"ဟိုလေ..ရှင်းကိုsupriseလာလုပ်တာ လက်ဆောင်ပါမလာပူး Americaကနေလည်းမဝယ်ခဲ့ရပူး..."
ပြောနေရင်းအသံလေးနစ်ဝင်သွားပြီး မျက်နှာလေးညှိုးငယ်သည်ကိုမြင်လိုက်ပါသောရှင်းက မျက်နှာတော်ရွှင်လန်းစေဖို့
"ရှင်းအတွက် လက်ဆောင်မလိုပါပူး....."
ပြောပြီးအနားနားကပ်သွားပြီး မျက်နှာနှစ်ခုမှာ တစ်စင်တီမီတာပင်မဝေးတော့ ပြီးမှမျက်နှာလေးဆွဲမော့ကာ ယွန်းရဲ့မျက်ဝန်းအိမ်များအားတည့်တည့်ကြည့်ပြီး
" မမသာ ရှင်းနားရှိနေရင် ပြည့်....စုံ....သွား ....ပြီ"
နောက်ပိုင်းကိုတစ်လုံးချင်းဆီပြောကာ ပြန်ခွာသွားတော့မှ ယွန်းတစ်ယောက်အသက်ရှူနိုင်ပေသည်
'တော်တော်ဆိုးတဲ့ကလေး ငါ့အပိုင်ဖစ်လို့ကတော့ ဒီအဆိုးလေးကို ကိုက်စားမှာ ကလေးရယ် ပြုစားနိုင်လွန်းတယ်'
"မမ ရှင်းကိုလေနောက်တစ်ခေါက်ထားမသွားပါနဲ့နော်"
"ဟုတ်ပါပြီ ရှင်းကို မမကထားမသွားပူး"
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part-6_~~
Start from the beginning
