လေယာဉ်ထွက်တော့မည်မို့ လေယာဉ်ပေါ်သာတက်လာခဲ့ပြီး သုံးရက်အကြာမှာ ရန်ကုန်သို့ရောက်လေပြီ (Americaကနေ မြန်မာကိုလေယာဉ်ဘယ်ချိန်ကနေဘယ်ချိန်စီးရသည်မသိပါ ကျွန်တော်ကခုမှရှစ်တန်းကျောင်းသူ)

ယွန်းနဲ့အာကာလည်း လာကြိုသူများရှိသည်မို့နှုတ်ဆက်ကာ ထွက်ခဲ့လေသည်

ယွန်းလည်းရောက်ကတည်းက ရုံးချုပ်တွေကိုပတ်ပြီး လေ့လာကာ America Company Of Shine And Lucky Company Ceo Angleဆိုသည့်အမည်ဖြင့် မြန်မာစီးပွားရေးလောကထဲ ခြေစုံပစ်ဝင်ခဲ့သည်

ယနေ့နဲ့ဆိုလျှင် ယွန်းမြန်မာပြည်ရောက်တာ သုံးရက်သာရှိသေးသော်လည်း ရောက်ကတည်းက နေသားကျအောင်လုပ်နေရသည်မို့ ရှင်းဆီမသွားနိုင် ဒီနေ့တော့ ရှင်းအိမ်သို့ရောက်လာလေပြီ

ယွန်းကရှင်းအိမ်ကိုတော့မှတ်မိနေသေး၏ ရှင်းအိမ်ရောက်၍ လူခေါ်ဘဲလ်ကိုနှိပ်ရာ အိမ်အကူကောင်မလေးတစ်ယောက် ‌လာဖွင့်ပေးသည်

ရှင်းသုရောင်ရှိလားမေးတော့ အပြင်ထွက်သွားသည်ဆိုတာကြောင့် ရှင်းအမေနဲ့ပဲဝင်တွေ့ကာ နိုင်ငံခြားကအကြောင်းတွေ အလုပ်အကြောင်းတွေ ရှေးဟောင်းနှောင်းဖစ်တို့ပြောကြပြီး မနက်ဖန်ရှင်းမွေးနေ့ဆိုတာကိုသိခဲ့ရ၏

ယွန်းလည်းရှင်းအမေနဲ့ ရှင်းကိုsupriseတိုက်ဖို့ တိုင်ပင်ကာ အစီစဉ်ချလေပြီး

မနက်ရောက်တော့ ရှင်းအမေက ရှင်းအပြင်ထွက်သွားသည်ဆိုတာမို့ ညကမှာထားသော မွေးနေ့ကိတ်ကိုသွားယူကာ ရှင်းအိမ်သို့ထွက်လာပြီး လိုအပ်သည်များစီစဉ် ရှင်ူအခန်းထဲအား ပူဖောင်းများအပြည့်ထည့်ကာ ရှင်းအိမ်ပြန်လာချိန်အား ပြင်ဆင်ကာစောင့်နေခဲ့သည်

ရှေ့ကခြံတံခါးဖွင့်သံကြားတာမို့အားလုံးရှင်းအခန်းထဲသို့ဝင်ကာ မီးပိတ်ပြီး တံခါးရှေ့ရပ်ထားလေသည် ထိုချိန်ရှင်းကတံခါးဖွင့်ချိန်

"HAPPY BIRTHDAY SHINN THU YAUNG 🎂🎉🎊"

Flash End>>>>>>>>>>>>>>>>>>

ရှင်းဘာမှမပြောနိုင်တော့ ရှင်းရဲ့ဆယ်နှစ်တာလွမ်းခဲ့ရသော အတိအကျပြောရသော် ဆယ်နှစ် သုံးလ ငါးရက် နှစ်ဆယ်နာရီ သုံးဆယ်မိနစ် ကိုးစက္ကန့်လွမ်းခဲ့ရသူ သတိရခဲ့ရသူ ချစ်ခင်ခဲ့ရသူ မြတ်နိုးရသူ ကြင်နာသူ ထိုလူသားသည် မိမိအရှေ့တွင်ရောက်နေသည်တဲ့လား အိမ်မက်လားတကယ်လား

Lovely Ma Ma ⚡💛⚡Where stories live. Discover now