"မ"

"HAPPY BIRTHDAY SHINN THU YAUNG🎂🎉🎊"

ဟုပါသည် ဒီနေ့ ရှင်းရဲ့မွေးနေ့ပါ သူ့မွေးနေ့ကိုမေ့လျော့နေခဲ့သည် စိတ်ထဲတွင် မ မှလွဲ၍မရှိ

Flash Back<<<<<<<<

ယွန်းမြတ်ဖူးကျောင်းနောက်ဆုံးစာမေးပွဲဖြေပြီး တစ်ပတ်အကြာမှာ သူ့ဦးလေးအလုပ်တွင် အလုပ်သင်အဖြစ်ဖြင့်အောက်ခြေမှစတင်ခဲ့၏ ယွန်းမြတ်၏ဉာဏ်ကောင်းပြီးထက်မြတ်သောကြောင့် အလုပ်ဝင်ပြီး တစ်လခွဲအကြာမှာယခုအလုပ်သင်အဆင့်ကနေ ဒါရိုက်တာအဖစ်ရောက်ရှိနေခဲ့လေပြီ

"သမီး ယွန်းလေး ရန်ကုန်ကိုပြန်ဖို့အချိန်ရောက်ပြီသမီး"

ယွန်းရဲ့စိတ်ထဲတွင်တော့ ရန်ကုန်ပြန်ရမည်ဖစ်၍ ပျော်နေလေသည် နောက်လတွင်ရှင်း၏မွေးနေ့ဖစ်ရာ supriseလုပ်ရန် အခွင့်ရေးရသွားလေပြီ

"ကျေးဇူးတင်ပါတယ် ဦးငယ်"

"သမီး အက်ကရုံးချုပ်တွေကိုဦးစီးရမယ် ပြီးတော့ သမီးတခုကတိပေးပါ ဦးငယ်ဆီမကြာမကြာလာလည်မယ်ဆိုတာ"

"ဟုတ်ဦးငယ် ယွန်းကတိပေးပါတယ်"

"ဟုတ်ပြီသမီးသွားနားချေ"

"ဟုတ် Goodnight 🌌 ဦးငယ်"

"သမီး နောက်သုံးရက်အတွင်းမှာသွားရမယ်
သမီးကို ယုံလိုပ်ပြီနော်သမီး"

ယွန်းခေါင်းသာငြိမ့်ပြခဲ့ပြီး အခန်းသို့ပြန်လာကာ အတွေးများဖြင့်

ရန်ကုန်ပြန်ဖို့မနက်.....

ယွန်းမနက်5:00အချိန်တည်းက နိုးနေပြီး ပြင်စရာရှိတာပြင် ဦးငယ်ကို နှုတ်ဆက်ကာလေဆိပ်သို့ရောက်လာလေသည်

လေယာဉ်က7:00မှမို့ ယွန်းထိုင်ရင်းဖုန်းကြည့်နေချိန်

"ယွန်း"

ယွန်းလည်းအသံကိုရင်းနီးနေတာမို့လှည့်ကြည့်တော့ ရဲမင်းအာကာ

"အာကာ နင်လည်းပြန်မလို့လား"

"အေးဟ"

"ငါအဖော်ရပြီ ဟဲဟဲ"

ရှိသမျှသွားအကုန်ဖြီးပြကာ ပြောနေသောယွန်း‌ကြောင့် အာကာမှာ နှလုံးပင်ရပ်တော့မည်ထင်

Lovely Ma Ma ⚡💛⚡Onde histórias criam vida. Descubra agora