အပိုင်း(၁၀၈)

Start from the beginning
                                    

ထန်းမော့ပြန်မလာချင်တုန်းက ချောင်လန်နဲ့ ဘယ်သူပဲ ထိုင်ထိုင် ကိစ္စမရှိပါဘူးလို့ သူမက တွေးခဲ့တာ။ ဒါပေမဲ့ ထန်းမော့လဲ ပြန်လာရော အဲ့ဒီ့နေရာက သူ့အတွက် သီးသန့်ဖြစ်နေတုန်းပဲလို့ ခံစားလိုက်ရတယ်။

ထန်းမော့က ပိုင်ယွီ့ကို ကျေးဇူးတင်လိုက်ပြီး ချောင်လန့်ဘက်ကို လျှောက်သွားလိုက်တယ်။ " ငါပြန်လာပြီ " လို့ ပြောလိုက်ချင်နေတယ်။ ဒါပေမဲ့ သူချောင်လန့်ရဲ့ စိုရွှဲနေတဲ့ မျက်လုံးတွေကို တွေ့လိုက်ရတော့ သူ့နှလုံးသားက သွေးထွက်သွားသလို ခံစားလိုက်ရတယ်။

ထန်းမော့ မျက်လုံးတွေ တုန်လှုပ်သွားတယ်။ ရက်ပေါင်း၂၀၀ကျော်လောက် ကုန်သွားတဲ့အချိန်မှာ ရက်ပေါင်းအများစုက သူအိပ်ယာထဲမှာပဲ တစ်ကိုယ်လုံး ကိုက်ခဲပြီး လှဲပြီးနေနေခဲ့ရတယ်။ သူ သူမကို ဘယ်လောက်တောင် လွမ်းနေခဲ့လဲဆိုတာ ဘယ်သူမှ သိမှာလဲမဟုတ်ဘူး။ ဘယ်သူမှ နားလည်မှာလဲ မဟုတ်ဘူး။ ချောင်လန်ဖုန်းဆက်တဲ့အချိန်တိုင်း သူက ဖုန်းထဲက သူမအသံလေးကို နားထောင်မိလိုက်တိုင်း ထန်းမော့က ချက်ချင်းကိုပဲ အပြေးပြန်လာချင်ခဲ့တာ။

သူ သူမကို အရမ်းအရမ်း လွမ်းနေခဲ့တာ.

ကောင်မလေးရဲ့ မျက်လုံးတွေက နည်းနည်းလေးနီနေတယ်။ သူမရဲ့ မဲနက်နေတဲ့ မျက်ဆံလေးတွေကလဲ မြူတွေဖုံးနေတယ်။ အဲ့တာက ထန်းမော့ကို သူ့မျက်ရည်တွေအကုန်လုံးကို ပျောက်သွားအောင် နမ်းပစ်လိုက်ချင်အောင် လုပ်နေတယ်။

ဒါပေမဲ့ သူမလုပ်နိုင်ခဲ့ဘူး။

ထန်းမော့က အောက်ကိုငုံ့လိုက်ပြီး တစ်ရှူးအသစ်လေးကို ထုတ်လိုက်ကာ ချောင်လန့်ကို လှမ်းပေးလိုက်တယ်။ ဒါပေမဲ့ ချောင်လန့်ကြည့်ရတာ သတိပြန်လည်မလာတဲ့ပုံပဲ။ တစ်ရှူးကိုယူလိုက်ပြီး သူမက လက်ထဲမှာ တစ်ရှူးကို ကိုင်ထားနေတယ်။ ဒါပေမဲ့ သူမမျက်လုံးတွေကတော့ သူ့အပေါ်မှာပဲ ရှိနေခဲ့တယ်။

ထန်းမော့ကြောင်သွားခဲ့တယ်။ အကြာကြီးနေတော့မှ သူက တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ သူမလက်ထဲက တစ်ရှူးကိုယူလိုက်တယ်။ အဲ့တာကို ကိုင်ထားတဲ့အချိန်မှာ သူ့လက်ချောင်းတွေက သိသိသာသာကို တောင့်နေခဲ့တယ်။ ဒါပေမဲ့ သူက သူမနားကို တိုးသွားလိုက်ပြီး သူမမျက်လုံးကထွက်လာတဲ့ မျက်ရည်တွေကို သူတက်နိုင်သလောက် ညင်သာစွာ သုတ်ပေးလိုက်သေးတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now