နတ်သမီးတစ်ထောင်(mature alert!)

597 31 4
                                    

မင်္ဂလာပွဲကျင်းပပြီးနောက်ပင်လယ်ကမ်းခြေတွင်ပင် သူငယ်ချင်းများနှင့်ပွဲကိုရောက်လာကြသူတွေနှင့်အတူတူ သူတို့ပါတီပေးကြသည်။အကုန်လုံးကလည်း သူတို့လေးယောက်ကိုဂုဏ်ပြုကာပျော်နေကြသလို သူတို့သည်လည်းဆိုင်ရာဆိုင်ရာတို့၏လက်တွေကိုကိုင်ထားကြလျက် ထိုညတွင်တော့ဝိုင်ရော ဘရန်ဒီရော အပြင်းရောအပျော့ပါသူတို့အမုန်းဆွဲခဲ့ကြသည်။

လူကြီးတွေဖြစ်သည့်မော်ကွန်းနှင့်ဗညားကတော့အနည်းငယ်ခံနိုင်ရည်ရှိကာ ကဲနိုင်သေးသော်ငြားကလေးတွေကတော့နားချင်နေလေပြီ။အထူးသဖြင့် လူကြီးတွေနှင့်အပြိုင်စပါယ်ရှယ် မော့ထားသောခွန်းဆိုလျှင်မျက်လုံးတောင်သိပ်မဖွင့်ချင်တော့။

ခွန်းမူးနောက်နောက်ဖြစ်နေသော ခေါင်းကိုတစ်ချက်ခါလိုက်ပြီး ရီဝေဝေဖြစ်နေသောမျက်လုံးများနှင့် သူ၏ကိုကိုကိုကြည့်လိုက်သည်။ကိုကိုက သူ့မျက်စိထဲတွင်သည်နေ့ညမှပိုပြီးခံ့ညားကာ sexy ကျနေသယောင်။မဟုတ်သေးဘူး။ခုဆိုရင်တော့သူ့ယောင်္ကျားပေါ့။သူ့ရဲ့ယောင်္ကျားကိုကို။

သူကိုကို့နားကိုသွားလိုက်ပြီးရင်ဘတ်ပေါ်ကိုခေါင်းဖြင့်တိုးဝှေ့ပြီးမှီလိုက်သည်။သူမူးနေပြီ ။ပြီးတော့ကိုကို့ကိုလည်းသူလိုချင်နေပြီ။

မော်ကွန်းကတော့ သူ့ရင်ဘတ်ကိုမျက်နှာအပ်ထားပြီးအတင်းတိုးဝှေ့နေသောကောင်လေးကြောင့် မေးဖျားကိုပင့်ယူပြီး မျက်နှာကိုဆွဲမော့လိုက်တော့ ရီဝေဝေမျက်လုံးများနှင့်သူ့ကိုကြည့်လာသည်မို့ ငြိမ်သက်နေသောသူ့ရင်ခုန်သံတွေကတစ်ဖန်ပြန်ပြီးနိုးထလာသလို။

"ခွန်းပင်ပန်းနေပြီလား နားချင်ပြီလား"

သူ့ခါးကိုဖက်ထားပြီး ရင်ဘတ်ကိုခေါင်းမှီထားပြန်သောကောင်လေးကအမှန်တကယ်မူးနေလေပြီ။ထိုအမူးသမားလေးကသူမေးသည့်မေးခွန်းကိုခေါင်းခါလိုက်တော့

"မနားချင်သေးဘူးလား ဆက်သောက်ချင်သေးတာလား ခွန်းများနေပြီလေ"

"ဟင့်အင်း အရက်တွေကိုမလိုချင်တော့ဘူး ကိုကို့ကိုလိုချင်နေတာ"

ID-entity (Completed)Место, где живут истории. Откройте их для себя