Part 9

552 46 0
                                    

"ခွန်းကကျွန်တော်နဲ့ SIRO လိုက်ခဲ့လိုက်ပါ "

"ဟုတ်ကဲ့"

အီလည်လည်မျက်နှာပေးနဲ့ရပ်နေသူကသူ့ကိုအခုထိကျေနပ်သေးဟန်မတူ။product အကြောင်းကိုဂဃနနသိဖို့၊အားသာချက်တွေ အားနည်းချက်တွေ အစရှိတာတွေသိဖို့လိုတာကြောင့် မော်ကွန်းခေါ်တာကိုသူငြင်းချင်ရင်တောင် ငြင်းလို့မရ။နောက်မကြာ လပ်တော့ပ်ထည့်ထားဟန်တူတဲ့ Cross Bag နဲ့သူ့နားကိုပြန်ပြီးရောက်ချလာသည်။သူအဆင်သင့်ဖြစ်လို့သွားချင်ရင်သွားလို့ရပါပြီဆိုတဲ့သဘော။သူ့ဘေးနားကစူပုတ်ပုတ်ဖြစ်နေတဲ့ကောင်လေးကိုပဲကျော်ပြီး ကားဆီကိုလျှောက်လာလိုက်သည်။ ပြုံးနေမိတာကိုတော့သတိမထားမိ။

"ကျွန်တော့်ကို stalk နေတာတော့မဟုတ်ဖူးမလား"

သောက်လက်စရေကိုမျိုချပြီးလို့သာ သီးမသွားခြင်း။ ဘာတဲ့။ Stalk နေတာ ဘယ်သူကဘယ်သူ့ကိုလဲ။

"ငါကမင်းကို stalk နေတာလို့ပြောချင်တာလား"

သူ့ကိုကျော်ပြီးကားပေါ်တက်တော့မဲ့လူရဲ့လက်ကိုဆွဲထားလိုက်သည်။

"မဟုတ်ရင် မဟုတ်ဘူးပေါ့ ကျွန်တော့်ကိုလာမထိနဲ့"

အော်ဟော သူကပဲတင်တင်စီးစီး။ရတယ်‌လေ။

ကားတံခါးကို‌ ဆောင့်ပိတ်လိုက်တော့ ကိုမျိုးရော ဒရိုင်ဘာကပါသူ့ကိုကြည့်လာသည်။သူ့မျက်နှာတည်တင်းနေတော့ကြည့်ရုံလွဲဘာမှမပြောရဲကြ။နောက်ခန်းက သူ့ဘေးမှာဟိုကောင်လေးကထိုင်နေ၏။

နောက်ကားပေါ်ကရေဒီယိုသံက ငြိမ့်ငြိမ့်ညောင်းညောင်းစိုင်းထီးဆိုင်သီချင်းပျံ့လွင့်နေသည်။ဟိုကောင်လေးကိုကြည့်တော့ကားမှန်ကိုငေးပြီး ပါးစပ်ကတလှုပ်လှုပ်။ဘာလဲသီချင်းလိုက်ဆိုနေတာလား။

"ကိုမျိုး သီချင်းကိုပိတ်လိုက်ပါ နားငြီးတယ်"

"ဗျာ ဟုတ် ဟုတ်ကဲ့"

ကားမှန်ကနေတဆင့်အပြင်ကိုကြည့်နေလျက်ပဲ သူအသံတိတ်ဆဲလိုက်သည်။ သူလိုက်ဆိုနေမှန်းသိလို့သက်သက်မဲ့ပိတ်ခိုင်းတာ။ကားပေါ်မှာ ခြေထောက်နှစ်ချောင်းကို ဘဝင်လေဟပ်တဲ့ပုံစံနဲ့ ချိတ်ထိုင်နေပုံကအစ ။ ကျက်သရေကိုမရှိဘူး။

ID-entity (Completed)Where stories live. Discover now