Part 32

504 36 0
                                    

ဗညားအခန်းတံခါးကိုဖွင့်ဖွင့်ချင်း သူတို့အခန်းထဲမှာထိုင်နေတဲ့မော်ကွန်းကိုတွေ့လိုက်ရသည်။သူ့အခန်းမှာသူသွားမနေပဲ သူများအခန်းမှာပိုင်စိုးပိုင်နင်း ကုတင်ပေါ်တက်ပြီးတော့ဖုန်းကလိနေသည်။စိုင်းကတော့မော်ကွန်းကိုမြင်တော့ တစ်ဖက်အခန်းကခွန်းဆီသွားလိုက်ဦးမယ်ဆိုပြီးတော့ထွက်သွားသည်။

မြင်လား သူညစာငတ်တော့မယ်။မော်ကွန်းခြွေ ကောင်းကျိုးမပေးတဲ့ကောင်။

"မော်ကွန်းခြွေ"

သူချိုသာမနေတဲ့အသံနဲ့ခေါ်လိုက်တော့ သူ့ကိုလှည့်ကြည့်လာသည်။

"ဘာလဲ ကိုယ့်အချစ်ကကိုယ့်ကိုတွေ့တော့ပျော်သွားတာလား"

"−ီးကိုပျော် မင်းအခန်းမင်းသွားကွာ ငါ့အခန်းထဲကိုဘာလာရှုပ်တာလဲ"

"အခုတော့နှင်ထုတ်နေပြီပေါ့ စိတ်မကောင်းပါဘူး ငါမသွားချင်ဘူး"

"မင်းဘယ်လိုဖြစ်နေတာလဲ မင်းပဲတွေ့ရအောင်လုပ်ပေးဆိုလို့ငါတို့ဒီိကိုရောက်လာတာလေ မင်းဟာလေးဆီကိုမင်းသွားပါလား"

"သူနဲ့ငါနဲ့ရန်ဖြစ်ထားတယ်"

ဗညားရေစိုနေတဲ့ခေါင်းကဆံပင်တွေကိုပဲပြန်ပြီးဖွလိုက်သည်။ ရန်တောင်ဖြစ်ထားသေးသတဲ့။

"ရန်ဖြစ်ထားတယ် ဘာလို့ရန်ဖြစ်တာလဲ မင်းနဲ့ရောဟိုဟာကအဆင်ပြေပြီလား"

"သူကငါ့ကောင်လေးတော့ဖြစ်သွားပြီ"

"ဒါဆိုကိုယ့်အခန်းကိုပြန်သွားပြီးတော့ အဆင့်တွေတက်တော့လေ သွား သွား"

"ဗညားမင်းဘယ်လိုဖြစ်နေတာလဲ မဟုတ်မှလွဲရော မင်းစိုင်းကိုတစ်ခုခုမဟုတ်တာလုပ်ဖို့ငါ့ကိုနှင်ထုတ်နေတာမလား"

ဗညားမတ်တပ်ရပ်နေတာညောင်းလာလို့ပဲကုတင်စွန်းမှာဝင်ထိုင်လိုက်ပြီး လည်ပင်းမှာပတ်ထားတဲ့သဘက်နဲ့ရိုက်လိုက်သည်။

"အား နာတယ်ကွ"

"သိရင်လည်းအလိုက်တသိထွက်သွားတော့ မင်းရန်ဖြစ်ထားတာနဲ့အဲလိုငါ့ဆီကိုပဲလာနေတော့မှာလား ငါ့ကိုပဲယူလိုက်တော့မှာလား"

ID-entity (Completed)Dove le storie prendono vita. Scoprilo ora