Part 10

586 54 0
                                    

အခန်းထဲမှာ စားပွဲတစ်ခုထည့်လိုက်သည်။ သူနဲ့မနီးမဝေး ပြောရရင် သူမြင်နေရတဲ့နေရာ။ စီစဥ်ပြီးတဲ့အခါသူစိတ်တိုင်းကျတာမို့ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်သည်။ဒီလောက် သူ့ကိုရှောင်ချင်နေတာ မျက်စိရှေ့မှာကိုနေခိုင်းပစ်မယ်။ မော်ကွန်းခြွေကိုလာမရွဲ့နဲ့ မင်းထက်အဆတစ်ရာလောက်ပြန်ရွဲ့တတ်တာမလို့ပဲ။

"ကိုမျိုး ဟိုကောင်လေးကိုသွားခေါ်လိုက်ပါ ပြီးတော့သူကြည့်ရမဲ့စာရွက်စာတမ်းတွေ ဖိုင်တွေကအစအကုန်ယူလာခဲ့"

"ဟုတ်ကဲ့"

နောက်ကိုလှည့်ထွက်ပြီိးသက်ပြင်းချရသည်။သူနဲ့လည်းမတည့်ပဲနဲ့ ဘော့စ်ကဘာလို့ဟိုကောင်လေးကို သူ့ရုံးခန်းထဲမှာထားမယ်မသိဘူး။ရုံးခန်းထဲမှာ သူတို့ထပ်ပြီးရန်ဖြစ်နေရင် အပြင်ကသူတို့လဲဝင်ဆွဲနိုင်မှာမဟုတ်။ ဘော့စ်ကိုလည်းသူကတားလို့ရမှာမဟုတ်။ဟိုညီလေးကိုပဲ ဘော့စ်ကိုနည်းနည်းအလျှော့ပေးပြီးသည်းခံပေးပါလို့ပြောရမှာပဲ။

"ညီ "

"ဟုတ်ကဲ့"

"ညီအတွက် ဘော့စ်ကသူ့ရုံးခန်းထဲမှာ စားပွဲပြင်ပေးထားတယ် ညီလေ့လာပြီးကြည့်ရမဲ့ဟာအကုန်လုံးကိုအကိုကလာပို့ပေးမယ် ဟုတ်ပြီလား"

"အကို ကျွန်တော်ကသူ့အခန်းထဲမှာ ကျိန်းသေပေါက်လုပ်မှဖြစ်မှာလား အပြင်မှာလုပ်လို့မရဘူးလား"

"မရလောက်ဘူးထင်တယ်ညီ ဘော့စ်ကိုယ်တိုင်လုပ်ခိုင်းတာဆိုတော့ အကိုလည်းပြောလို့မရဘူး"

အင်းလေ သူကအထက်လူကြီးမလား။ပြောတော့လဲဘယ်ငြင်းရဲကြပါ့မလဲ။

"ကျွန်တော်ဝင်သွားလိုက်ပါ့မယ်"

"ဟိုလေညီ ဘော့စ်ကလေ တကယ်တော့စိတ်ထားကောင်းပါတယ် ဖြစ်နိုင်ရင်ညီကပဲနည်းနည်းလောက်.."

"စိတ်မပူပါနဲ့အကို ကျွန်တော်ကားပေါ်မှာတုန်းကစိတ်ဆတ်သွားလို့ပါ အဆင်ပြေပါတယ်"

သူ့ကိုစိတ်ပူတာလား သူတို့ဘော့စ်ကိုစိတ်ပူတာလားမသိတဲ့အကိုကို သူပြုံးပြပြီးစိတ်မပူဖို့ပြောလိုက်သည်။ ဟုတ်တယ် ခဏလေးပဲ ။သူ့နယ်မြေထဲမှာ သူ့အလိုကိုလိုက်နေရမှာပဲ။အားတင်းထား ခွန်း မင်းလုပ်နိုင်တယ်။

ID-entity (Completed)Место, где живут истории. Откройте их для себя