Part 28

476 44 0
                                    

သူခေတ္တမျှငေးနေပြီးတော့မှ ဟိုကြည့်သည်ကြည့်နှင့်စိမ်းသက်နေသောကောင်လေးကိုသွားကြိုတော့ အားလုံးရဲ့အာရုံခွန်းဆီကိုရောက်လာကြသည်။ သူဂရုမစိုက်ပါ။မျက်လုံးတွေထောင်ပေါင်းများစွာကိုလျစ်လျူရှုထားနိုင်လောက်အောင်သူ့ကောင်လေးက သူ့ကိုဆွဲဆောင်ညို့ယူထားနိုင်သည်။ သည်ကောင်လေးကိုတွေ့လေမြင်လေသူ့စိတ်ထဲမှာလောဘတွေတက်လေ။

မချစ်ဘူးတော့ရူးရတယ် ခွန်း။

"ခွန်း အခုမှရောက်လာတာလား"

သူနှင့်ဆင်တူဝတ်ထားသောခွန်းကသူ၏ပါတနာဆိုတာမကြေငြာထဲက အသိပေးပြီးသားဖြစ်နေသည့်အပြင် သူကပါအရေးတယူနှုတ်ဆက်လိုက်သည့်အခါ ပိုလို့သေချာသွားကြသည်။ခွန်းနားကိုကပ်လာသော ယောင်္ကျားတစ်ချို့လည်း သူကြည့်လိုက်တဲ့အခါ နောက်ကိုရှဲသွားကြသည်။မော်ကွန်းခြွေရဲ့လူကိုများရာရာစစ။

"ဟုတ်ကဲ့ ဒါနဲ့ကျွန်တော်တို့ကဘာလို့ဆင်တူဖြစ်နေရတာလဲ"

ခွန်းတို့နားကိုရောက်လာတဲ့ကိုဗညားနဲ့ ငစိုင်းနဲ့ကလည်းနက်ပြာရောင်ဆင်တူ။ဘာလဲ အစထဲကကြိုတင်စီစဥ်ထားကြတာလား။

"ဟုတ်ပါရဲ့ ဘာလို့ခွန်းနဲ့ကိုယ်ကဆင်တူဖြစ်နေရတာလဲ"

ခွန်းသူ့ရှေ့ကလူကို မကျေမနပ်ပြန်ကြည့်လိုက်သည်။သူတို့အကုန်စီစဥ်ထားကြပြီးအခုမှမသိသလိုလာလုပ်နေသည်မဟုတ်ပါလား။

"ခွန်းနဲ့ကိုယ်နဲ့ဆင်တူဖြစ်သွားတော့ ကိုယ့်ရဲ့ပါတနာလုပ်ရတော့မှာပဲ လုပ်မှာလား မလုပ်ဘူးလား"

"မလုပ်ဘူးဆိုရင်ရော"

"ခွန်းမလုပ်ချင်လဲ ဖြစ်နေပြီးသားပဲ အဆင်ပြေပါတယ်"

ထိုစဥ်သူတို့အနားကို ဝိတ်တာကောင်လေးကဝိုင်ခွက်တွေသယ်လာသည်ကိုမြင်တာမို့ တစ်ခွက်ကိုယူသောက်လိုက်သည်။ ဒီလူရဲ့ပါတနာလုပ်ရဦးမယ်တဲ့။ ဘယ်လိုတောင်ကံမကောင်းတာလဲ။သူငြင်းရင်လည်းဟိုလူကသူဖြစ်ချင်တာကိုဇွတ်လုပ်မဲ့လူ။ရုပ်မပျက်ချင်တာကြောင့်ပဲ သူအငြိမ်နေနေလိုက်တော့သည်။ သူ့ကိုကြည့်နေကြတဲ့မျက်လုံးတွေကတော်တော်များများ။

ID-entity (Completed)Unde poveștirile trăiesc. Descoperă acum