Part 16

500 52 0
                                    

"ခွန်း သွားဖို့ပြင်ဆင်ပြီးပြီမလား"

"အင်း မင်းရော"

သူ့ဘေးကလူက done ဆိုပြီးပြုံးပြသည်။သူတို့တွေဒီနေ့ SIRO ကိုသွားပြီး idea မူကြမ်းကိုသွားပြရမှာမလို့ နန်းဆီကိုဖုန်းလှမ်းဆက်ဖို့ပြင်လိုက်ရင်း

"နန်းဆီကိုဆက်ဖို့လား"

"အေး"

"ဟိုနေ့ကမင်းသူ့ကိုပြန်ဆက်လိုက်သေးလား ဆေးရုံရောက်သွားတဲ့နေ့က သူငါ့ကိုဖုန်းတွေအများကြီးခေါ်ထားတာ"

"အေး အိမ်ရောက်တော့ပြန်ဆက်လိုက်တယ်အဲနေ့အကြောင်းတွေးတိုင်းဒေါသထွက်တုန်းပဲ"

"စိတ်ကိုလျော့ပါကွာ အခုလဲ SIRO ကိုသွားရတော့မှာကို"

သူခေါင်းငြိမ့်ပြလိုက်ရင်း နန်းဆီကိုဖုန်းဆက်လိုက်သည်။
-------------

"ဘော့စ် meeting စပါတော့မယ် "

မျိုးမြင့်မြတ် ဘော့စ်မျက်နှာကိုကြည့်ရင်းအကဲခတ်လိုက်သည်။ သူတို့ကိစ္စကို ဘော့စ်သိလား မသိလားမသေချာပေမဲ့ သူ့မှာအပြစ်ရှိသလိုခံစားရသည်။ သိသိရက်နဲ့ သူကတိုးဝင်ခဲ့တာမလား။ သူ့ဆီကိုလာချင်ပါတယ်ဆိုတဲ့ ကလေးငယ်ရဲ့ဆန္ဒကိုလိုက်လျောမိလိုက်တာ။ အကုန်သူ့အပြစ်ချည်းသာ။

"SIRO marketing team ရော ရောက်ပြီလား"

"ဟုတ်ကဲ့ အသင့်ပြင်ခိုင်းထားတာမို့ရောက်နှင့်လောက်ပါပြီ"

သူခေါင်းငြိမ့်ပြလိုက်ပြီး ထွက်သွားဖို့အမူအရာပြလိုက်သည်။ ထိုနေ့က မြင်ကွင်းတွေသူပြန်မြင်ယောင်ဆဲ။ သူဒေါသဖြစ်ဖို့ထက် စိတ်မကောင်းတဲ့စိတ်သာဖြစ်သည်။ သူတို့၂ယောက်အစတည်းကချစ်နေခဲ့ကြမှန်းသိခဲ့ရင် သူနန်းကိုကမ်းလှမ်းမိမှာမဟုတ်ဘူး။ အခုတော့ နှစ်ယောက်လုံးအတွက် မျက်နှာနာရစရာတွေဖြစ်ကုန်ပြီ။

နန်းဖွင့်ဟပြီးဝန်မခံလာရင်တောင် သူနန်းကိုလက်လွှတ်လိုက်တော့မဲ့အကြောင်းပြောလိုက်တော့ဖို့စိတ်ကူးထားပါသည်။ နန်းကမိန်းကလေးဖြစ်တော့ သူ့ကိုဝန်ခံဖို့လွယ်မယ်မထင်။ သူတို့နှစ်ယောက်ရှင်းပြီးကြရင်တောင် ခွန်းရော ။ခွန်း ဒီကိစ္စတွေကိုသိဦးမှာမဟုတ်ဘူး။နန်းကိုဆို အထိတောင်မခံချင်တဲ့ကောင်လေး။ အရမ်းကိုတွန့်တိုတဲ့ကောင်လေး။ နန်းအတွက်နဲ့ သူ့ကိုတောင်ရန်ဖြစ်ခဲ့တဲ့ကောင်လေး ဘယ်လိုများနေမလဲ။ မဆီမဆိုင် သူသက်ပြင်းချပြီး ရင်မောရသည်။ သူစိမ်းတစ်ယောက်က သူ့ရင်ကိုလေးစေတာ ပထမဆုံး။

ID-entity (Completed)Tahanan ng mga kuwento. Tumuklas ngayon