Part 19

455 45 0
                                    

ကားပါကင်ကိုသွားနေတဲ့ခြေလှမ်းတွေက သူ့ကားဘေးမှာစောင့်နေတဲ့တစ်ယောက်သောသူကိုမြင်လိုက်ရတဲ့အခါ ရပ်တန့်သွားသည်။သူ့ကားဘေးနားမှာ ရပ်စောင့်နေတဲ့နန်း။ mini skirt ကြက်သွေးရောင်က ရှမ်း သွေးမလို့ဖြူစွတ်နေတဲ့နန်းရဲ့အသားအရေနဲ့လိုက်ဖက်လှသည်။ Blouse ဖြူလက်ရှည်နဲ့ ဆံပင်ရှည်တေွကိုခပ်မြင့်မြင့်စည်းထားတဲ့နန်းက ကျက်သရေရှိစွာ အေးချမ်းစွာလှနေသည့်တိုင် ခပ်နိမ့်နိမ့်စီးထားတဲ့ဒေါက်ဖိနပ်ထိပ်ဖျားဖြင့် ကြမ်းပြင်ကိုထိုးဆွနေသည့်ပုံစံက စိတ်လှုပ်ရှားနေသည့်ပုံစံလည်းဖြစ်နေသည်။

သူ့ကိုတကူးတကလာစောင့်နေသည်ဆို လျှင်မည်သည့်အကြောင်းအရာကိုပြောဖို့စောင့်နေတာမှန်း မော်ကွန်းခန့်မှန်းမိပါသည်။ထို့ကြောင့်ပင် တုံ့ဆိုင်းမနေတော့ပဲခပ်သွက်သွက်လျှောက်သွားလိုက်သည်။

"နန်း ကျွန်တော့်ကိုစောင့်နေတာလား"

သူ့အသံကြားမှမော့ကြည့်လာတဲ့နန်းက အတွေးအာရုံထဲကအခုမှထွက်လာဟန်။သူ့ကိုပြောဖို့စာစီနေခြင်းလည်းဖြစ်ပါလိမ့်မည်။

"ဟုတ်ကဲ့ ကိုမော်ကွန်းကိုပြောစရာရှိလို့စောင့်နေတာပါ"

"လာလေ ကျွန်တော်တို့ကားပေါ်မှာပြောကြရအောင်"

မော်ကွန်းက အလိုက်တသိကားတံခါးဖွင့်ပေးတော့ဝင်ထိုင်လိုက်ပြီး သူဟိုဖက်တစ်ခြမ်းကိုကူးကာကားပေါ်တက်လိုက်သည်။

ကားပေါ်ရောက်တဲ့ထိနန်းက ခေတ္တမျှတိတ်ဆိတ်နေပြီးမှ

" ကိုမော်ကွန်းကိုနန်း ဝန်ခံစရာရှိလို့ပါ ပြီးတော့ပြောစရာလည်းရှိလို့"

"ဟုတ်ကဲ့ ကျွန်တော်နားထောင်နေပါတယ်"

"နန်း ကိုမျိုးမြင့်မြတ်နဲ့ချစ်သူတွေဖြစ်နေပါပြီ "

"ဟုတ်ကဲ့ ကျွန်တော်သတိထားမိပါတယ်"

"​ေဩာ် ကိုမော်ကွန်းသိနေတာကိုး နန်းတကယ် တောင်းပန်ပါတယ်"

"မဟုတ်တာ နန်းဘက်ကတောင်းပန်စရာမရှိပါဘူး ကျွန်တော်ကကမ်းလှမ်းထားရုံတင်ပါ ကျွန်တော့်ကိုနန်းငြင်းလို့ရသလို ရွေးချယ်ပိုင်ခွင့်ရှိပါတယ် နန်းဘဝမှာနန်းပျော်မယ်ထင်တာကိုရွေးချယ်ပိုင်ခွင့်ရှိပါတယ် ကျွန်တော့်ဘက်ကလည်း နန်းကိုကမ်းလှမ်းထားတာကိုရုတ်သိမ်းပေးပါ့မယ် တကယ်ဆိုရင်ကျွန်တော်ကပိုပြီးလေ့လာခဲ့သင့်တာကို"

ID-entity (Completed)Where stories live. Discover now