Part 8

539 49 0
                                    

"ခွန်းရေ ခွန်းဦးတည်ရေ"

သူတို့ရုံးမှာရှိတဲ့အသံအကျယ်ဆုံးအမကြီး၏အော်သံသည် ကန်တင်းတစ်ခုလုံး ပျံ့လျက်သား။ သူထမင်းစားမလို့လုပ်နေရင်းနဲ့ပင်နင်သွားရသည်။

"ဟိုမှာမင်းချစ်ချစ်ခေါ်နေပြီ "

"ဘာဖြစ်လို့လဲမသိဘူး ငါသွားလိုက်ဦးမယ် ငါ့ဝက်အူချောင်း‌တွေမစားပစ်နဲ့နော် ငစိုင်း"

စိတ်ချလိုက်ဆိုတဲ့မျက်နှာပေးနဲ့မျက်စပစ်ပြသည်။ဒီလိုမျက်နှာမျိုးကိုပဲသူအကြောက်ဆုံး။ပြီးရင်သူ့ပန်းကန်ထဲမှာ ဝက်အူချောင်းတွေရှိတော့မှာမဟုတ်။နောက်သူ့ဆီကိုအမောတကောလာတဲ့အစ်မကြီးဆီသွားလိုက်တော့ရုတ်တရက် စကားမပြောနိုင်သေး။အမောဖြေနေရသေးသည်။

"အစ်မဘာဖြစ်လို့လဲဗျ"

"SIRO ကစီအီးအိုရောက်နေပြီတဲ့အဲတာမင်းကိုခေါ်ခိုင်းလိုက်လို့"

သူနာရီကိုကြည့်လိုက်တော့ ၂နာရီထိုးဖို့၅မိနစ်အလို။သူတို့ချိန်းတာက ၂နာရီ။အင်း အချိန်တော့တိကျသားပဲ ။၅မိနစ်လောက်စားချိန်ရဦးမယ်ထင်တာ အခုတော့သူစားလက်စပေမဲ့ ဘေစင်မှာပလုတ်ကျင်းပြီးသွားလိုက်သည်။အနည်းငယ်လည်းစိတ်ဝင်စားနေသည်။SIRO ရဲ့သတင်းတွေကလည်းဟိုးလေးတကျော်ကျော်ကိုး။

လုပ်ငန်းပိုင်းမှာဆို SIRO ဆိုတာမသိတဲ့သူမရှိသလို လက်တွဲချင်သူတွေကဒုနဲ့ဒေး။SIRO မှာ ရှယ်ယာ ဝင်ထားနိုင်သည့်သူဆိုလျှင်ပင် မည်မျှပင်နည်းသည့်ရာခိုင်နှုန်းဖြစ်ပါစေအထင်ကြီးပြီးကြည့်ရလောက်အောင် ထိုသူကလည်း ခေါင်းမော့ပြီးကြွားနိုင်လောက်အောင်အထိ SIROကကိန်းကြီးခန်းကြီးနိုင်သလို အရှိန်အဝါလည်းကြီးသည်။သူတို့ အေဂျင်စီသည်ပင်လျှင် SIRO နှင့်လက်တွဲပြီးလုပ်နိုင်မယ်လို့ တစ်နေ့မှာ SIROကိုယ်တိုင်က အလုပ်လာအပ်မယ်လို့အိပ်မက်ပင်မမက်ရဲကြ။

SIRO နှင့်လက်တွဲလုပ်နိုင်ပါက သူတို့လက်ရှိနေရာကနေအဆင့်ပေါင်းများစွာခုန်ကျော်တက်သွားပြီး ဒီလောကထဲတွင်ထိပ်မှာရှိတဲ့နာမည်ဖြစ်သွားနိုင်သည်။ SIRO ကဤမျှထိ လွှမ်းမိုးနိုင်စွမ်းရှိသလို သူတို့သည်လည်းထိုအခွင့်အရေးကို လက်တွဲနေကြအေဂျင်စီနှင့်အဆင်မပြေ၍ရခဲ့သည်သာ။အကောင်းဖက်ကတစ်နည်းအားဖြင့်ဆိုလျှင်တော့ မိုးနတ်မင်းကသူတို့အတွက် အခွင့်အရေးချပေးလိုက်ခြင်းပင်။

ID-entity (Completed)Where stories live. Discover now