Part 31

465 39 1
                                    

ဟိုတယ်ကိုချိုးဝင်လာတော့ ဂိတ်ကလူတွေက
မော်ကွန်းကိုမြင်တဲ့အခါ သေချာဦးညွတ်ပြီးဝင်ခွင့်ပေးသည်။ သည်ဟိုတယ်ကဖွင့်တာသိပ်မကြာသေး။သို့သော်ဖွင့်သည့်နေ့မှာပင် စိတ်ဝင်စားသည့်သူအများအပြားနှင့် social media မှာပါတစ်ဟုန်ထိုး Trendဖြစ်လာသောဟိုတယ်ဖြစ်သည်။ထူးထူးခြားခြားအကြောင်းအရာကတော့ ဟိုတယ်တွင်းမှာပင် ကန်အကြီးကြီးတစ်ခုကိုပြုလုပ်ထားသောကြောင့်ပင်။

ဟိုတယ်ကမြို့နှင့်အနည်းငယ် ဝေးသောနေရာတွင်ရှိပြီး လှေလှော်လို့ရသည်သာမက အခြားသောကစားနည်းတော်တော်များများပါကစားနိုင်သည်အထိ ကန်ကလည်းအတော်အတန်ကျယ်သည်။ကန်ကိုသဘာဝအတိုင်းဖြစ်ပေါ်လာသယောင်အနီးစပ်ဆုံးဖန်တီးထားပြီး ဟိုတယ်အခန်းများကအစ တောတွင်းတစ်နေရာတွင်အပန်းဖြေနေသကဲ့သလို့သဘာဝကိုသာအထူးပြုအခြေခံပြီးအနီးစပ်ဆုံးအလှဆင်ထားသည်။ထို့ကြောင့်ပင်တစ်မူထူးခြားပြီး လူများ၏စိတ်ဝင်စားမှုကထိုနေရာသို့ပင်ကျရောက်လာကြတော့၏။မော်ကွန်းကိုလည်း VIP member cardနှင့်တကွဖိတ်ကြားခြင်းခံရသည်မို့လာရောက်ပြီးကြည့်ရှုသည့်အပြင် သူကိုယ်တိုင်လည်းစိတ်ဝင်စားသောကြောင့်လာရောက်ခြင်းဖြစ်သည်။

ဟိုတယ်ပထမဆုံဂိတ်ကိုဖြတ်ပြီး နောက်ဆုံးဂိတ်ကိုဖြတ်ကျော်ပြီးအထဲကိုဝင်လိုက်သည်နှင့်ရုပ်ရှင်ထဲကမှော်တံခါးချပ်တစ်ခုကိုဝင်လိုက်ရသလို မြင်ကွင်းတို့ကရုတ်ချည်းပြောင်းလဲသွားသည်။တောနက်တစ်နေရာကိုရောက်သွားသလို ကျောထဲတွင်စိမ့်ခနဲအေးစက်မှုကိုခံစားလိုက်ရပြီး သူတို့ဘေးတွင်တော့သစ်ပင်များစွာခြံရံထားပြီးလူသွားလမ်းလေးများရှိသည်။ဟိုတယ်ထဲကိုရောက်နေကြသူတိုင်းက တစ်ချို့ကကမ်းခြေစတိုင်ဝတ်စားထားကြပြီး ကောင်မလေးအများစုကတော့ဘောင်းဘီတိုလေးများဖြင့်တွေ့ရသည်။သဘာဝကိုအခြေခံထားပြီး တစ်ချိန်ထဲမှာပင်ခေတ်မီအောင်ပြင်ဆင်ထားသည်ဖြစ်ရာ အကုန်လုံးကတောတွင်းတစ်နေရာမှာအပန်းဖြေနေသည့် vibe မျိုးဖြစ်ပြီး သူတို့သည်ပင်ငေးပြီးသဘောကျရသည်။သည်လိုနေရာမျိုးကိုတော်တော်လေးအချိန်ပေးပြီးဒီဇိုင်းဆွဲခဲ့ရမည်ပင်။

ID-entity (Completed)Where stories live. Discover now