Part 7

520 53 0
                                    

"ဒေါက် ဒေါက် ဒေါက်"

တံခါးခေါက်သံအကြားမှာ သူဝင်ခွင့်ပြုလိုက်သည်နှင့် နန်းရောက်လာသည်။စိတ်လှုပ်ရှားနေမှုကြောင့်သူ့လက် တွေဂနာမငြိမ်။ အတတ်နိုင်ဆုံးတည်ငြိမ်အောင်ထိန်းနေရပေမဲ့ စားပွဲခုံကိုခေါက်နေသော လက်တွေသည်ပင် စည်းချက်မကျ။

"ကိုမော်ကွန်းခေါ်တယ်ဆိုလို့ပါ"

သူဘယ်ကနေများစပြောရပါ့မလဲ။ဟိုနေ့ကအကြောင်း ခွန်းတစ်ခုခုပြောသေးလားလို့ပဲမေးလိုက်ရမလား။ သောကြာနေ့ညကဘာဖြစ်သွားတာလဲသိလားလို့ပဲမေးလိုက်ရမလား။အဲလိုလဲမဖြစ်သေးပါဘူး။ သူပြောတာကိုပဲစောင့်နေလိုက်ရမလား။

ဘီလီယံနှင့်ချီပြီိး ရင်းနှီိးမြှုပ်နှံခဲ့ရတဲ့ဆုံးဖြတ်ချက်တွေ။နိုင်ငံခြားရင်းနှီးမြှုပ်နှံသူကို ကိုယ့်ဘက်ရောက်လာအောင်မျက်ခုံးမွှေးစင်္ကြံလျှောက်ခဲ့ရတဲ့အချိန်တွေပင် သူယခုလောက်စိတ်မလှုပ်ရှား။ ယခုမှာ ဆယ်ကျော်သက်ဘဝကဆေးလိပ်ခိုးသောက်သည့်အရာကိုမိဘတွေမိသွားမှာကြောက်နေသည့်ကျောင်းသားအဖြစ်နှင့်ပင်တူနေသည်။

သူ့ရှေ့မှာရှိတဲ့နန်းက ဘာမှမပြောပဲရပ်နေဆဲ။ မူးနေတုန်းကပုံစံကိုပြန်တွေးမိတော့လည်းပြုံးမိပြန်သည်။သူဘာပြောရမလဲစဥ်းစားရင်း ရှေ့မှာရှိနေတဲ့ရေဗူးကိုဖွင့်သောက်လိုက်၏။

"နန်း ကျွန်တော့်ကိုပြောစရာတစ်ခုခုရှိလား"

ထိုအခါမှ နန်းမျက်ဝန်းတွေလဲ့လာပြီး သူ့ကိုခေါင်းငြိမ့်ပြလာသည်။

"ဟိုလေ ဟိုသောကြာနေ့က"

မော်ကွန်းစကားမဆုံးခင်ပင် လက်ထဲမှာရှိတဲ့ရေဘူးကိုနောက်တစ်ခါထပ်သောက်လိုက်ပြန်၏။

"ဘာဖြစ်သွားမှန်းမသိလိုက်ပေမဲ့လေ ခွန်းအစားကိုမော်ကွန်းကိုတောင်းပန်ပါတယ် ခွန်းကလေ အဲလိုရန်ဖြစ်တာမျိုးတွေရှိပေမဲ့ သူ့ဘက်ကတမင်သက်သက်ကြီးသွားစတာမျိုးမရှိဖူးဘူး ကိုမော်ကွန်းနဲ့ကြမှဘာဖြစ်သွားလဲတော့နန်းလဲမသိဘူးရယ် နန်းသူ့အစားတကယ်ကိုတောင်းပန်ပါတယ်နော်"

သူ့ရင်ထဲကအလုံးကြီးကျသွားပေမဲ့ အားနာတဲ့စိတ်ကပြန်ဝင်ရောက်လာပြန်သည်။ နန်းကမသိပဲတောင်းပန်လေ တရားခံသူကပိုအားနာလေ။ တကယ်ဆိုသူ့အပြစ်တွေချည်းပဲမလား။တကယ်ဆိုသူပုန်းမနေပဲ ဟိုကောင်လေးကိုသွားတောင်းပန်သင့်တာ။တကယ်ဆိုသူလက်ထပ်ခွင့်တောင်းထားတဲ့မိန်းကလေးအပေါ်မှာ ရိုးသားသင့်တာ။

ID-entity (Completed)Where stories live. Discover now