ခွန်းဦးတည်

1.5K 56 0
                                    

"Ring Ring Ring ~~"

"ဟဲလို"

"ဘာ!!!!"

အော်လိုက်သံကြောင့် စားပွဲနားကလူတွေရော အခန်းထဲကလူတွေပါသူ့ကိုဝိုင်းကြည့်လာသည်။ ဝိုင်းကြည့်နေတာကိုရော တိုးတိုး တိုးတိုးလုပ်နေကြတာရော မသိ၍မဟုတ် ဒီအချိန်မှာဂရုမစိုက်နိုင် ကိုယ့်အပူနဲ့ကိုယ်သာလောင်မြိုက်နေသည်။

"Conqueror တရုတ်ဆိုင်ဟုတ်တယ်နော် "

"အေး ငါအခုလာပြီ မင်းအဲနားကမျက်‌ခြေမပြတ်စေနဲ့ ကြားလား"

ဖုန်းမြန်မြန်ချလိုက်ကာ ပိုက်ဆံအိတ်ကိုသာအမိအရယူလာပြီး တရောသောပါးပြေးရတော့သည်။မဟုတ်ရင် ဒင်းတို့ကိုလွတ်သွားမှာမလား။

အလျင်လိုအနှေးဖြစ်ဆိုသလို ဓာတ်လှေကားက‌အဆင်မပြေ တော်တော်နဲ့ရောက်မလာတဲ့ပုံမလို့ Emergencyလှေကားကနေဆင်းပြေးရသည်။

ဒါ့အပြင် အရင်ကဂျိုင်းယားလို့ကုတ်ရင်တောင် ညီလေး Taxi လားဆိုတဲ့ဟာတွေက အခုတော့ခြေရောလက်ရောမြှောက်တားနေတာတောင် အနားမလာ တစီးပြီးတစ်စီးကျော်သွားကြ
သည်ချည်း။

လက်တစ်ဆစ်လောက်တောင်မရှည်တဲ့စိတ်နဲ့ ပြေးသွားလိုက်ချင်ပေမဲ့ ဒီခရီးနဲ့ဒီခရီးက အိမ်ရှေ့နဲ့အိမ်နောက်ဖေးမဟုတ် မိမိသည်လည်း Flash မဟုတ်တော့ တော့ခက်သည်။ ဖုန်းဆက်ပြီးသတင်းပေးဖော်ရတဲ့ ငစိုင်းကိုပြန်ဆက်တော့ တရုတ်ဆိုင်မှာစားနေတုန်းဆို‌တော့ နဲနဲ‌တော့စိတ်အေးရသည်။ဒီလောက်ဆိုမီ‌ေလာက်သေးတယ်။

"တောက်! လုပ်ရက်လိုက်တာ"

Taxi တွေကိုပါ သူ့ဘက်တော်သားများလုပ်ခိုင်းထားသလားမသိဘူး။တစီးမှအခုထိမရ ။အေးတွေ့ရင်တော့ ငါ့ဒေါသတွေအစုလိုက်အပြုံလိုက်ထွက်အောင်လုပ်ထားသမျှ ဘုရားတနေလိုက် ။

ဟော ပြောရင်းဆိုရင်း မေတ္တာပို့တာကြားသွားသလားမသိ Taxi တစ်စီးထိုးရပ်လာသည်။တော်သေးတာပေါ့ နောင်ဘဝမှစီးရတော့မယ်ထင်နေတာ။

"ဦးလေးရေ နဲနဲလောက်မြန်ပေးလို့မရဘူးလား"

ဒီစကားပြောရတာ နာရီဝက်မပြည့်ခင်ကို ၆၆ခါရှိတော့မည်။

ID-entity (Completed)Where stories live. Discover now