Part 6

563 51 0
                                    

မော်ကွန်းအိပ်ယာကနိုးလာတော့ ၉နာရီကျော်နေပြီ။ သွားပြီ သူရုံးနောက်ကျပြီဟု တွေးလိုက်စဥ်မှာပင် နာရီမှာရက်စွဲပါပါတာမို့ စနေနေ့မှန်းမြင်ကာမှ သက်ပြင်းချရသည်။တော်သေးရဲ့။

နောက်အိပ်ယာကထလိုက်တော့ခေါင်းကမိုက်ခနဲမလို့ လက်နဲ့အိပ်ယာကိုပြန်ထောက်ပြီးအားပြန်ယူရသည်။သူမနေ့ကဘာတွေလုပ်ခဲ့တာလဲ။ တဆစ်ဆစ်ဖြစ်နေတဲ့ခေါင်းကိုလက်နဲ့ခပ်ဖွဖွနှိပ်ပေးရင်း မနေ့ကဗညားနဲ့ကားပတ်မောင်းတာမှတ်မိသည်။ဗညားခဗျာအန်နေတာမို့သူကုန်တိုက်မှာရပ်ပေးရပြီး နောက်နန်းနဲ့တွေ့။ပြီးတော့ ဘီယာဘူးတွေ နန်းအိမ်မှာအရက်သွားသောက်ကြတာလား။

မော်ကွန်းခြွေတို့များအရက်သောက်တာတောင်ကိုယ့်အိမ်ကိုယ်‌ ကောင်းကောင်းပြန်လာနိုင်တယ်။သူများတွေလိုမဟုတ်ဘူးပဲ။သူ့ကိုယ်သူခေါင်းကိုပင်ပုတ်ပေးလိုက်ပြီးချီးမွမ်းလိုက်သေးသည်။

ထိုင်နေရင်းနဲ့သူရေဆာလာတာမလို့ပဲ အိပ်ခန်းထဲကထွက် နံရံကိုအသာမှီလျှောက်ရင်း ရေခဲသေတ္တာနားကိုသွားခါမှ

"အား လန့်သွားတာပဲ မင်းဘယ်လိုလုပ်ငါ့အိမ်ရောက်နေတာလဲ"

ကော်ဖီခွက်ကိုကြွကြွရွရွကိုင်ပြီး သတင်းစာဖတ်နေတဲ့ဗညားကသူ့ကိုတစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

"မင်းမနေ့ကမူးပြီးမှောက်နေတော့မင်းအိမ်ကိုဘယ်သူပြန်ခေါ်လာပေးတယ်ထင်လို့လဲ"

"ဘာမူးပြီးမှောက်တယ် ဘယ်သူကလဲ ငါကလား"

သူ့ကိုယ်သူလက်ညှိုးထိုးပြီးပြောပြနေတဲ့မော်ကွန်းရဲ့ပုံစံကိုသူခန့်မှန်းမိတာကြောင့်ပဲ မနေ့ညကဓာတ်ပုံတွေရိုက်ထားလိုက်တာမှန်သွားသည်။မော်ကွန်းလိုကောင်မျိုးက သူကောင်းတာပဲဝန်ခံချင်တာ။မကောင်းတာဆိုဖင်ပိတ်ငြင်းတဲ့ကောင်မျိုး။ သူဖုန်းထုတ်ပြီးပြလိုက်တော့ ပါးစပ်ကြီးဟပြီးကြည့်နေသည်။ သက်သေနဲ့တကွပြတာကိုပင်ကောင်းကောင်းမယုံချင်သေး။

နောက်မှရေသောက်နေပြီး မျက်နာကရှုံ့တွသွားသည်။နှုတ်ခမ်းကိုကိုင်နေပြီး မှန်ထဲသွားကြည့်သည်။မျက်နှာကပါးတွင်လည်း အညိုအမည်းကစွဲလျက်သား။မော်ကွန်းကအသားဖြူတာမို့ ဖြူစွတ်နေတဲ့ပါးတစ်ဖက်နဲ့အတူညိုနေတဲ့ပါးကအထင်းသားဖြစ်နေသည်။သူကိုယ်တိုင်လည်းဘာဖြစ်လာမှန်းမေးချင်ပေမဲ့ မော်ကွန်းကိုယ်တိုင်မျက်မှောင်ကြုတ်စဥ်းစားနေသည်မို့ သည်တိုင်းသာကြည့်နေလိုက်တော့သည်။

ID-entity (Completed)Where stories live. Discover now