အပိုင်း(၁၀၄)

Start from the beginning
                                    

သူမ အကြာကြီး ရပ်သွားပြီးမှ ပြောလိုက်တယ်။ " ဘယ်လောက်ကြာကြာလဲ "

" ခဏလေးလဲ ဖြစ်နိုင်တယ် " ထန်းမော့က ခဏလောက်ရပ်သွားပြီး ပြီးမှ ဆက်ပြောလိုက်တယ်။ " ဒါပေမဲ့ အကြာကြီးလဲ ဖြစ်သွားနိုင်တယ်။ "

တစ်ကယ်လို့ အကောင်းဆုံးဆေးရုံကတောင် သူ့ခြေထောက်တွေကို မကုပေးနိုင်ဘူးဆိုရင် ၊ သူက အဲ့အချိန်ထိ မတ်တပ်မရပ်နိုင်သေးဘူးဆိုရင်... အဲ့တာဆို သူအမြန်အဝတ်ပြန်ထုတ်ပြီး အမြန်ပြန်လာခဲ့မှာ။

ဒါပေမဲ့ တစ်ကယ်လို့ သူ့ခြေထောက်ကို ပြန်ကုသနိုင်မဲ့ မျှော်လင့်ချက်လေးရှိတယ်ဆိုရင် အဲ့တာဆို အချိန်ကြာကြာ ပြန်လည်ကုထုံးနဲ့ ပြန်ကုရလိမ့်မယ်။ အဲ့တာဆိုရင်တော့ အချိန်အများကြီး ကြာလိမ့်မယ်။

ထန်းမော့က ချောင်လန့်ကို သူက သူ့ခြေထောက်ကိုသွားကုမှာလို့ မပြောချင်ဘူး။ ဘာလို့လဲဆိုတော့ သူတောင် ဘာဖြစ်လာမလဲဆိုတာကို မသိသေးဘူးလေ။

မျှော်လင့်ချက်ရှိရင်လဲ ရှိမယ်။ စိတ်ပျက်စရာတွေပဲ ရှိရင်လဲ ရှိမယ်။

ဒါက မသိနိုင်တဲ့ ရက်စက်တဲ့ ကံကြမ္မာပဲလေ။

အဲ့တာကြောင့် သူက ချောင်လန့်ကို မပြောပြချင်ဘူး။ တစ်ကယ်လို့ အောင်မြင်ခဲ့တယ်ဆိုရင်တော့ သူမကို စိတ်မပူစေချင်ဘူး။ တစ်ကယ်လို့ မအောင်မြင်ဘူးဆိုရင်လဲ သူမကို စိတ်ပျက်မသွားစေချင်ဘူးလေ။

ဘာပဲဖြစ်ဖြစ် တစ်ကယ်လို့ သူကချောင်လန့်ကို မပြောပြခဲ့ဘူးဆိုရင် တစ်ကယ်လို့ သူကကုလို့မရဘူးဆိုရင် အဲ့တာဆို သူပြန်လာပြီးတဲ့နောက်မှာ သူနဲ့ချောင်လန့်ကြားက ပြောင်းလဲမှု သိပ်မရှိလောက်ဘူးပေါ့။

ဒါပေမဲ့ တစ်ကယ်လို့ ကုလို့ရတယ်ဆိုရင် တစ်ကယ်လို့ သူတစ်ကယ်ပဲ မတ်တပ်ရပ်နိုင်မယ်ဆိုရင်....

ရုတ်တရက် ထန်းမော့နှလုံးခုန်နှုန်းက ပိုမြန်လာခဲ့တယ်။

တစ်ကယ်လို့ သူမတ်တပ်ရပ်နိုင်မယ်ဆိုရင် အဲ့တာက သူချောင်လန့်ကို ပေးနိုင်မဲ့ အကြီးမားဆုံး surprise ပဲဖြစ်လိမ့်မယ်။

ထန်းမော့က ဘာမှမပြောခဲ့ဘူး။ ပြီးတော့ ချောင်လန်ကလဲ ထပ်မမေးတော့ဘူး။ ဒါပေမဲ့ သူမအသံထဲမှာတော့ စိတ်ပျက်အားငယ်မှုတွေ ရောနှောနေတာကို မဖုံးကွယ်ထားနိုင်ဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now