သွန်းတစ်ယောက်တင်မဟုအကုန်အံ့ဩနေကြသည်
ရှင်း-"ငါ့မမပဲလေ ဒီလောက်တော့ရှိမှာပေါ့ ဟဲဟဲ"
သူ့မမအကြောင်းအားဂုဏ်ယူစွာပြောနေသောရှင်းအား မျက်စောင်းထိုးရင်းသွန်းက
သွန်း-"မိရှင်း အပ်မှာသာအပ် နေဦး သူ့အကောင့်က followပဲရတာဆိုတော့ သိပြီးsee firstလုပ်ပြီး သွားHiထားလိုက်"
ရှင်းလည်းသွန်းပြောတဲ့အတိုင်းသာလုပ်လိုက်သည်
ထိုချိန်နာရီကြည့်မိတော့ 5:30နေပြီမို့ သူ့သူငယ်ချင်းများအား ညစာစားရန်ခေါ်ပြီး စကားတပြောပြောနဲ့စားကြပြီး ပြီးတော့ ရှင်းလည်းသူတို့ပြန်သွားတော့ သူတို့အားနှုတ်ဆက်ကာ အိပ်ခန်းဆီသို့....
"ဟူး........"
ရှင်းလည်း သူ့မမကိုမြင်လိုက်ရ၍ ခုမှသာ သက်သာလေသည်
ဆယ်နှစ်တောင်ကြာနေပြီ မမတောင်ဘွဲ့ရတော့မယ် ငါလည်းမနက်ဖန်ကျောင်းတက်ရမှာပဲဆိုပြီး အိပ်ပေမဲ့ အတွေးများတန်းဆီဝင်လာသည်
'မကအရမ်းလှလာတယ် ဘေးမှာကောင်လေးတေကောကောင်မလေးတွေကောဝိုင်းနေမှာပဲနော် မကရှင်းအပိုင်ပါဆိုပြီးတံဆိပ်ထုပြီးသာ ရင်ခွင်ထဲသိမ်းထားချင်တော့တယ်'
ဒီညတော့ညတာရှည်ဦးမယ်________
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
At America•••••••••••••••
ယွန်းမြတ်လည်းမိုးလင်းလာကတည်းက ကျောင်းပိတ်သည်မို့ အပြင်လည်းမထွက်ချင်တာနဲ့ စာအုပ်သာထိုင်ဖတ်နေသည်
နေ့လည်ရောက်တော့ဦးငယ်ရဲ့အတွင်းရေးမူးဖုန်းဆက်၍ Dinnerပွဲတက်ရမည်ဆိုတာနဲ့ ရေချိုးပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်မှာတင်ပေးထားသော ရှေ့ကဒူးပေါ်လောက်နဲ့နောက်ကအရှည် ပန်းရောင်Dressလေး
ယွန်းလည်း ဝတ်လိုက်ပြီး အလှဆုံးပြင်ကာ Driverလာခေါ်သည်မို့ လိုက်လာခဲ့သည်
Dinnerတွင်လည်း ယွန်းနှင့်သူ့ဦးလေးတို့အားလာရောက်နှုတ်ဆက်ကာ ထိုင်စရာစားစရာသောက်စရာတွေပါပြင်ပေးသည်မို့ ထိုင်နေယုံပင် ဟုသည်ေလ သူဝင်ပြောရအောင်ကလည်း သူမှမသိပဲ
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~~_Part-3_~~
Start from the beginning
