အာကာနဲ့ယွန်းကBussinessမို့အတူပေါင်းြဖစ်ကြပြီး နောက်အလုပ်လုပ်တဲ့အခါ လေးယောက်ပေါင်းCompanyထောင်မည်ဟု ပြောလေ့ရှိကြသည်
Akar-"လာ မုန့်သွားစားမယ်"
ယွန်းတို့လည်းဟိုနှစ်ယောက်ကိုခေါ်ကာ စားသောက်ဆိုင်သို့ထွက်လာပြီးစားပြီးသည်နှင့်ကျန်တဲ့အတန်းများတက်ကာ အိမ်ပြန်လာခဲ့သည်
ယွန်းမြတ်အိမ်တွင်•°•°•°•°•°•°•°•°•
"ယွန်းပြန်လာပါပြီ ဦးငယ်"
သူ့ဦးလေးကအလုပ်လုပ်နေသည်မို့ယွန်းမြတ်စကားကို ခေါင်းလေးသာငြိမ့်ပြသည်
ယွန်းလည်းဘာမှမပြောတော့ပဲ အပေါ်တက် ရေချိုးပြီး ခဏနားနေလိုက်သည်
ခဏကြာတော့ ဒေါ်မြင့်လာခေါ်သည်မို့ ညစာစားရန်အောက်သို့ဆင်းလာပြီး စားလိုက်သည်
ဦးငယ်ကခဏဆိုလို့ ဦးငယ်ဘေးမှာဝင်ထိုင်လိုက်တော့ ဦးငယ်က...
"သမီးယွန်းလေး သမီးကျောင်းပြီးရင် ရန်ကုန်ပြန်ချင်တယ်ဆို"
"ဟုတ်ဦးငယ်"
"ဟုပြီ သမီး ဒါမယ့်သမီး ကျောင်းပြီးပြီးချင်းတော့မပြန်ပါသေးနဲ့ဦးလား ဦးငယ်Companyမှာ အလုပ်သင်နှစ်လသုံးလလောက်တော့လုပ်ပါလား"
"ဟုတ် ဦးငယ်"
"ဟုတ်ပြီ သမီးအပေါ်တက်ပြီးနားတော့"
"ဟုတ် Goodnightပါဦးငယ်"
"Goodnight သမီးယွန်း"
ယွန်းမြတ်လည်း နှုတ်ဆက်ပြီး အခန်းထဲဝင်ပြီးနားလိုက်သည်
'တစ်နှစ်လောက်ပါပဲ တစ်နှစ်ပဲစောင့်ပါ ကလေး'
ယွန်းလည်း အိပ်စက်ခြင်းဆီသို့......
•°•°•°•°°•°•°°•°•°•°°•°•°•°°•°°•°•°°•°•°•°°•°
At Yangon
"ရှင်းသုရောင်ရေ ဟဲ့မိရှင်း"
အိမ်ရှေ့ကနေအာပြဲရီးနဲ့အော်နေပါသော သွန်းသွန်းရယ်ပါ ဟိုနှစ်ယောက်ကပါလာသေး
"လာပြီ မိသွန်းရဲ့ အာပြဲရီးနဲ့ ရပ်ကွက်ကိုနည်းနည်းပါးပါးအားနာဦး"
YOU ARE READING
Lovely Ma Ma ⚡💛⚡
General FictionAmericaကိုအသက်ဆယ်နှစ်အရွယ်မှာထွက်သွားခဲ့တဲ့ကောင်မလေးကို❤️ "မမပြန်လာရင်ရှင်းနဲ့လက်ထပ်ရအောင်နော်"လို့ပြောပြီး အက်ကတိကိုတည်ဖို့စောင့်နေတဲ့ အသက်ခုနစ်နှစ်အရွယ်ကောင်မလေးတစ်ယောက်🌹 သူတို့ကိုချစ်မိတဲ့နှစ်ယောက်က ညီအကိုတွေဖစ်ပေမဲ့ တစ်ယောက်ကစွန့်လွှတ်ပြီး တစ်ယ...
~_Part-2_~
Start from the beginning
