အပိုင်း(၁၀၀)

Start from the beginning
                                    

လော့ညန်ပြောသွားတာက အရမ်းရှင်းနေတာလေ။ သူက ပြောတယ် ချောင်လန့်မိဘတွေနဲ့ အစ်မက ချောင်လန့်ကို ပြန်ခေါ်လာခဲ့ဖို့ တောင်းပန်ခဲ့ကြတာတဲ့လေ။ ဒါက ချောင်လန့်မိဘတွေက သူတို့သမီးကို လက်ဆောင်ပစ္စည်းတွေနဲ့ အလဲအလှယ်လုပ်ပြီး ရောင်းစားလိုက်တာ ရှင်းနေေတာပဲလေ။ ဒါကြောင့်မလို့လဲ လော့ညန်ရဲ့ သဘောထားက အရမ်းကို ရဲတင်းနေတာပေါ့။

သူတို့တွေက ဘယ်လိုတောင် အရှက်မရှိရတာလဲ?? သူတို့မှာ လူစိတ်ရော ရှိကြသေးရဲ့လား??

သမီးမိန်းကလေးမွေးထားတယ်ဆိုတာက သူတို့ကြီးလာရင် ပိုက်ဆံနဲ့လဲဖို့အတွက်လို့ပဲ သူတို့တွေးထားကြတာလား??

ဒီနေ့တော့ ချောင်လန်က သူမအိမ်လိုက်တော့မှာ မဟုတ်လောက်တော့ဘူး။ ထန်းမော့နဲ့ ချောင်လန်တို့က တစ်ယောက်ကိုတစ်ယောက် ပြောစရာတွေအများကြီးရှိနေကြတာ အသိသာကြီးပဲလေ။ ဒါ့အပြင် ပိုင်ယွီက ချောင်လန်နဲ့ ဒီတိုင်းကြီး လျှောက်မသွားရဲတော့ဘူး။

တစ်ကယ်လို့ လော့ညန် အဲ့ကောင်က ပြန်လာနေရင် ဘယ်လိုလုပ်မလဲ??

လော့ညန်အကြောင်းတွေးလိုက်ရင် ပိုင်ယွီက အခုထိ နည်းနည်းကြောက်နေတုန်းပဲ။ ဒါပေမဲ့ ကြောက်တာအပြင် သူမက စိုးရိမ်တာလဲပါတယ်။

လော့ညန်ထွက်သွားတုန်းက သူက ချောင်လန့်ကို စောင့်နေလို့ ပြောသွားတယ်။

ချောင်လန်က ကျောင်းသူတစ်ယောက်ပဲ ရှိသေးတာလေ။ ပြီးတော့ သူမမိသားစုကတောင် သူမကိုရောင်းပစ်ဖို့၊ သူမကိုလက်ဆောင်အဖြစ်ပေးလိုက်ဖို့ မစောင့်နိုင်တော့ဘူးလေ။ အဲ့လော့ညန်ဆိုတဲ့လူက ကြည့်ရတာ ချမ်းသာပြီး အာဏာရှိပုံပဲ။ တစ်ကယ်လို့ သူက တစ်ခုခုလုပ်ချင်တယ်ဆိုရင် ဘယ်သူက သူမကို ကူညီပေးနိုင်မှာလဲ?

တစ်ကယ်လို့ လော့ညန်က ထပ်လာဦးမယ်ဆိုရင် ချောင်လန့်ကို ဘယ်သူက ကူညီမှာလဲ??

ဘာကြောင့်လဲတော့ သူမမသိဘူး။ သူမတောင်မသိလိုက်ဘဲ ထန်းမော့ဘက်ကို လှည့်ကြည့်လိုက်မိတယ်။

တစ်ကယ်တော့ ချောင်လန့်ကို သဘောကျတဲ့လူက အများကြီးပဲ ရှိတယ်။ ပြီးတော့ သူတို့ထဲက အများစုကလဲ ဟောင်ရင့်လိုမျိုး ချမ်းသာပြီး သူမကို ကူညီပေးနိုင်လောက်အောင် အာဏာရှိတဲ့လူမျိုးတွေလေ။ ဒါပေမဲ့ ပိုင်ယွီ ပထမဆုံးတွေးမိတဲ့သူက ထန်းမော့ဖြစ်နေတုန်းပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now