အပိုင်း(၉၈)

Start from the beginning
                                    

အဲ့တာကြောင့် ဒီတစ်ခေါက်ဦးလေးချန်က သူမကိုလာကြိုမယ်လို့ပြောတော့ ချောင်လန်က ချက်ချင်းသဘောတူခဲ့တာလေ။ အခုဆို လူမြင်ခံရမှာ ဘာလို့ကြောက်နေရတော့မှာလဲ။

တစ်ခါတစ်လေကျရင် ဘယ်သူမှမင်းကို မယုံကြည်ရင်တောင် အဲ့တာက မင်းကမှားနေတယ်လို့ ဆိုလိုတာမဟုတ်ဘူးလေ။ အဲ့တာက သူတို့က ကန်းနေတာလဲ ဖြစ်နိုင်တာပဲ။

ချောင်လန်က အဆောင်ကိုပြန်ပြီး လဲစရာအဝတ်တစ်စုံသွားယူလိုက်တယ်။ ညနေ၆နာရီလောက်ကျမှ ကျောင်းဂိတ်ပေါက်ဝကို ထွက်လာခဲ့တယ်။ ကျောင်းရဲ့မျက်နှာချင်းဆိုင်က လျှောက်လမ်းလေးမှာ ရပ်ရင်း သူမက ဦးလေးချန်အလာကို စောင့်နေခဲ့တယ်။

ဒါပေမဲ့ ဦးလေးချန်မလာခင်မှာပဲ တစ်ယောက်ယောက်က သူမကိုခေါ်လိုက်တာကို ကြားလိုက်ရတယ်။ ချောင်လန်က အနောက်ကိုလှည့်ကြည့်လိုက်တယ်။ ချောင်လန်က ကားထဲမှာထိုင်ပြီး သူမကိုနှုတ်ဆက်နေတာက သူမရဲ့ဒုတိယအစ်မချောင်ဖြစ်တယ်ဆိုတာကို မှတ်မိဖို့ အချိန်အကြာကြီး ကြည့်လိုက်ရတယ်။

ဒုတိယအစ်မချောင်က ချောင်လန့်ကိုလဲ မြင်ရော သူမဘေးမှာထိုင်နေတဲ့ နောက်ထပ်လူ၂ယောက်ကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နောက်ဆုံးတော့ စိတ်သက်သာရာရစွာနဲ့ သက်ပြင်းချလိုက်တော့တယ်။

သူမက အထက်တန်းကျောင်းကို နေ့တိုင်းနေ့လာနေတာ ရက်အတော်ကြာနေပြီ။

အဲ့တာကိုတွေးလိုက်ရင် သူမဒေါသထွက်လာတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းကမှ ချောင်လန်က ကျောင်းမှာနေတာက စာလုပ်ရတာ ပိုအဆင်ပြေအောင်လို့ မဟုတ်ဘဲ အဖေချောင်နဲ့အမေချောင်တို့က သူမကိုပိုက်ဆံခိုးတယ်ဆိုပြီး စွပ်စွဲလို့ အိမ်ကထွက်ပြေးသွားတယ်ဆိုတာကို သူမကအဲ့ကျမှ သိရတာလေ။

ဒါပေမဲ့လဲ သူမရဲ့ ကောင်းလှတဲ့အမေက သူမရင်ဘတ်သူမပုတ်ပြပြီး ချောင်လန့်ကို သေချာပေါက်ပြန်ခေါ်ခဲ့မယ်ဆိုပြီး သူမကို ကတိပေးခဲ့တာလေ။

ဒါပေမဲ့ အဲ့တာရဲ့ရလဒ်ကရော ....... သူမစောင့်ပြီးရင်းစောင့်ခဲ့ပေမဲ့ ချောင်လန့်ကို မတွေ့ခဲ့ရဘူး။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now