အပိုင်း(၉၅)

Start from the beginning
                                    

" အဲ့တာဆို ထန်းမော့ကို နေ့တိုင်းနေ့ အကြိုအပို့လုပ်နေတဲ့ ကားက ဒီနေ့ချောင်လန့်ကို ကျောင်းကို လိုက်ပို့တာလား?? "

အားလုံး တိတ်ဆိတ်သွားကြတယ်။

သူတို့က အခန်း၁၈က ကျောင်းသားကျောင်းသူတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ အရင်တုန်းက ဟောင်ရင်က ချောင်လန့်ကို အရမ်းကို ပေါ်ပေါ်ထင်ထင်ကြီး လိုက်ခဲ့တာကြောင့် သူမအကြောင်းနည်းနည်းပါးပါးကို သိနေကြတာလေ။ အတင်းသိပ်မပြောတက်တဲ့ ကျောင်းသား ကျောင်းသူတွေတောင် ဒီကိစ္စကို အများကြီး သိထားကြတယ်လေ။ ပြီးတော့ အတင်းပြောရတာကြိုက်တဲ့သူတွေဆို ချောင်လန်နဲ့ ရင်းနီးတဲ့ ကောင်လေးတွေကိုတောင် ရွေးထုတ်ပြီးပြောခဲ့တာလေ။ သူတို့ထဲက တစ်ချို့က ထန်းမော့နာမည်ကို ထုတ်ပြောသွားကြတယ်။

သူက အထက်တန်းပထမနှစ်ထဲက ချောင်လန့်အတန်းဖော်လို့ ပြောကြတယ်။ ပြီးတော့ အဲ့အချိန်တုန်းက ချောင်လန်က ထန်းမော့နဲ့ တစ်စားပွဲထဲ တူတူထိုင်တာတဲ့။ ပြီးတော့ အဲ့အချိန်တုန်းက ထန်းမော့ကချောင်လန်ကလွဲရင် အားလုံးကို လျစ်လျူရှုထားတာတဲ့။

အရင်တုန်းကတော့ သူတို့ဆက်ဆံရေးက ကောင်းတယ်လို့ ခေါ်လို့ရတာပေါ့။ ဒါပေမဲ့ ဒီနေ့ ဦးလေးချန်က ချောင်လန့်ကို လိုက်ပို့တာကို တစ်ချို့လူတွေကမြင်သွားပြီးတဲ့နောက်မှာတော့ ဒီကိစ္စက ပြောပြလို့မရနိုင်အောင် နည်းနည်း ရင်းနီးလွန်းတဲ့ပုံပေါ်လာတယ်။

ပြီးတော့ ပြောပြလို့မရနိုင်တဲ့ ထူးဆန်းမှု တစ်ခုလဲ ဖြစ်လာတယ်။

ကောင်မလေးတစ်ယောက်ကိုပဲ စကားပြောတဲ့ ကောင်လေး.... သူက ကောင်မလေးကို နေ့တိုင်းနေ့ စာပြန်သင်ပေးတယ်။ ပြီးတော့ တစ်ခါတစ်လေကျ သူမကို လိုက်တောင်ပို့သေးတယ်။ အခုသူက သူမကို အထူးကားနဲ့တောင် လိုက်ပို့လိုက်သေးတယ်။ တစ်ကယ်လို့ ဒီနေရာမှာ တစ်ခြားလူအစားထိုးလိုက်မယ်ဆိုရင်တော့ သူတို့၂ယောက်အကြောင်း အီစီကလီ ကောလဟာလတွေ ထွက်တော့မှာ သေချာသလောက်ရှိတယ်လေ။

ဒါပေမဲ့ ဇာတ်လိုက်က ထန်းမော့လို့ ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် ဒီကိစ္စက ဒီလိုမဖြစ်သင့်ဘူးလို့ အားလုံးကထင်သွားကြတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now