အပိုင်း(၉၀)

Start from the beginning
                                    

ထန်းမော့က ခေါင်းကိုလှည့်လိုက်ပြီး သူမကိုထပ်ကြည့်လိုက်တယ်။ အချိန်ခဏလောက်တော့ သူ့မျက်လုံးထဲမှာ အပြုံးတစ်ခုရှိနေခဲ့တယ်။

ဒါပေမဲ့ ထန်းမော့အပြုံးက အမြဲတမ်း တစ်ခြားသူတွေနဲ့ မတူဘူး။ သူကပျော်လို့ရှိရင် ရင်ဘတ်ထဲက ပြုံးတာမဟုတ်ဘူး။ အဲ့အစားက တိုတိုနဲ့ မြန်မြန်တွက်ချက်ပြီးသွားတဲ့နောက်မှာ သူကပြုံးတယ်။ သင့်တော်လား မသင့်တော်ဘူးလားဆိုတာ သူကသုံးသပ်ပြီးတဲ့ နောက်မှာပေါ့။

အဲ့တာကြောင့် တစ်ခါတစ်လေကျ ချောင်လန်တောင် ထန်းမော့အပြုံးတွေနောက်မှာ ဘာကိုဖုံးကွယ်ထားတာလဲဆိုတာ နားမလည်နိုင်ဘူး။

ထန်းမော့က သူမကို ပိုကြည့်လေလေ၊ သူမကိုပိုပြီး စကားပြောလေလေ ထန်းမော့ ရှန်းရှောင်ဟန်ရဲ့ စကား၂ခွန်းအောက်မှာ ပိုပိုပြီး ရုန်းကန်ရလေဆိုတာကို သူမမသိခဲ့ဘူး။

နင်တို့၂ယောက်က ဘယ်လိုလုပ် လိုက်ဖက်မှာလဲ?? နင်ဘယ်လိုတောင် ကြိုက်ရဲရတာလဲ!!!

သူတစ်ယောက်ထဲရှိနေတဲ့ အချိန်မှာ သူက ဖုန်းကိုကိုင်လိုက်ပြီး အချိန်အကြာကြီး တွန့်ဆုတ်နေခဲ့တယ်။ ပြီးတော့မှ ခက်ခက်ခဲခဲနဲ့ မသန်မစွမ်း ဆိုတဲ့ စာလုံးကို ရိုက်လိုက်တယ်။

သူက မသန်မစွမ်းလူတစ်ယောက်ဆိုတာ သူဝန်ခံပါတယ်။ ရုပ်ပိုင်းဆိုင်ရာလဲ မသန်စွမ်းဘူး။ စိတ်ပိုင်းဆိုင်ရာကလဲ မသန်စွမ်းဘူး။ ဒါပေမဲ့ သူက တစ်စုံတစ်ယောက်ကို သဘောကျနေတယ်။

အဲ့ဒီ့စာလုံးတွေကို ရိုက်ဖို့ ရုန်းကန်ပြီးတဲ့နောက်မှာ သူက အချစ် ဆိုတဲ့ စာလုံး၂လုံးကို သေချာဂရုစိုက်ပြီး ရိုက်လိုက်တယ်။ ပြီးတော့ search ဆိုတာကို နှိပ်လိုက်တယ်။ ဒါပေမဲ့ တစ်ချက်လေးကြည့်လိုက်ရုံနဲ့ ချက်ချင်းကိုပဲ ထန်းမော့ရဲ့ သွေးအလိမ်းလိမ်းနဲ့ အနာက ထပ်ပြီး စိုက်ထိုးခံလိုက်ရပြန်တယ်။

အောက်က တောက်ပနေတဲ့ ခေါင်းစဥ်က ပြောထားတယ်။ " ငါက တစ်စုံတစ်ယောက်ကို သဘောကျတယ်။ ဒါပေမဲ့ မသန်မစွမ်းတွေက ဘယ်တော့မှ အချစ်နဲ့ လိုချင်တောင့်တမှုကို မရသင့်ဘူး တဲ့။"

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now