အပိုင်း(၈၉)

Start from the beginning
                                    

" နင် ကြိုးစားကြည့်လို့ ရတယ် " ထန်းမော့က ပြောလိုက်တယ်။

မကောင်းတဲ့အတွေးတွေက တိတ်ဆိတ်စွာဝင်ရောက်လာတယ်။ သူက ချောင်လန့်ရှေ့မှာတော့ ရိုးရှင်းပြီး ကြင်နာတက်တဲ့ ထန်းမော့အနေနဲ့ နေဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ အဲ့တာက သူ့စိတ်ထဲမှာ မကောင်းတဲ့ အတွေးတွေ မရှိဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။

သူကလေးတုန်းက အနိုင်ကျင့်ခံရတုန်းက သူ့ကိုအနိုင်ကျင့်တဲ့သူတွေအားလုံးကို သေစေချင်တယ်လို့ ထန်းမော့ တွေးခဲ့ဖူးတယ်။

ထန်းမော့က ကလေးဘဝကထဲက အများကြီး ခံစားခဲ့ရပြီးပြီလေ။ ထန်းမော့က ဘယ်သူ့ကိုမှ အပြစ်မတင်တက်တဲ့ သူတော်စင်မဟုတ်ဘူးလေ။ သူ့ရဲ့မကောင်းတဲ့အတွေးတွေနဲ့ အမှောင်ထုကို ဖိနှိပ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့တာက မရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူးလေ။

" လုပ်ကြည့်လေ " ထန်းမော့က ပြောလိုက်တယ်။ သူ့ရဲ့မျက်နှာသေကြီးက ဘာခံစားချက်မှ ရှိမနေဘူး။ ဒါပေမဲ့ သူ့မျက်လုံးတွေကို အရမ်းအေးစက်လွန်းလို့ ရှန်းရှောင်ဟန်တောင် တုန်သွားတယ်။ " ငါက နင့်ကို ဒီကျောင်းကနေ တိတ်တိတ်လေးထွက်သွားအောင် လုပ်လိုက်လို့ ရတယ်။ ပြီးတော့ နင့်မိဘတွေ.... နင့်တစ်မိသားစုလုံးကို လုံးဝပြိုလဲသွားအောင် လုပ်လိုက်လို့ ရတယ်။ နင်စမ်းကြည့်လေ။ "

ရှန်းရှောင်ဟန်က မျက်လုံးတွေကို ဖွင့်လိုက်ပြီး ရုတ်တရက် ရယ်လိုက်တယ်။ " နင်က နောက်နေတာပဲ "

ဒါပေမဲ့ သူမအသံက အနည်းငယ် မတည်မငြိမ်ဖြစ်နေတယ်။

ထန်းမော့ကို နေ့တိုင်းနေ့ ကျောင်းကိုလာပို့တဲ့ ကားအကြောင်းကို တစ်ခြားသူတွေနဲ့ ပြောခဲ့တာကို သူမမှတ်မိလိုက်တယ်။ အဲ့ကားရဲ့တန်ဖိုးက ဂဏာန်း၈လုံးလောက်တောင် ရှိတယ်လို့ သူမကြားတယ်။ အဲ့တာက သူမစဥ်းတောင်မစဥ်းစားရဲတဲ့ မိုးလောက်မြင့်တဲ့ ဈေးကြီးလေ။

ခုနက ရှန်းရှောင်ဟန် ဆင့်ခေါ်ထားတဲ့ သတ္တိတွေက နည်းနည်း နည်းနည်းချင်းစီ ကုန်ကုန်တယ်။

နေ့လည်ခင်းကျ ထန်းမော့က သူမကို ရုတ်တရက် စာရွက်စာတမ်းတစ်ခုကို လှမ်းပေးလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now