အခန်း(31)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

Começar do início
                                    

ကျန်း တစ်ယောက် တားမြစ်နယ်မြေထဲက စွမ်းအင်ဉပဒေသတွေကို စုပ်ယူနေတုန်း ရုတ်တရက်ဆိုသလိုသူ့အတွက်ရောက်လာတဲ့သေခြင်းရှင်းခြင်းနဲ့ဆိုင်တဲ့ အတိဒုက္ခတစ်ခုကိုအာရုံခံမိလိုက်တယ်။အဲဲ့ဒီ့အချိန်က နတ်ဆိုးကလန်ဆီကို ကပ်ဘေးတစ်ခုကလဲ တစ်ပြိုင်နက်ဆိုသလိုကျရောက်နေတဲ့အချိန်ဖြစ်တယ်။နတ်ဆိုးဘုရင်က သူ့အနေနဲ့ ဒီအတိဒုက္ခကိုကျော်ဖြတ်ရာမှာသေဆုံးခဲ့မယ်ဆိုရင် နတ်ဆိုးကလန်ကို ကပ်ဘေးကနေ မကာကွယ်နိုင်ခဲ့မှာကိုစိုးရိမ်ခဲ့တယ်။ဒါ့ကြောင့် သူ့ရဲ့ ကျင့်ကြံမှုအချို့တစ်ဝက်နဲ့နားလည်သိမြင်မှုအချို့ကို ဒီနေရာမှာချန်ထားပေးခဲ့တာဖြစ်တယ်။အခြေနေတွေပိုဆိုးလာခဲ့ရင် နောက်ထပ်ဆက်ခံတဲ့နတ်ဆိုးဘုရင်က ကျန်း ချန်ရစ်ခဲ့တာတွေကိုအသုံးပြုပြီး နတ်ဆိုးမျိုးနွယ်ကိုကာကွယ်ဖို့ ခွန်အားကို မြှင့်တင်နိုင်လိမ့်မယ်။

ရှင်းလင်းချက်တွေပြီးဆုံးတဲ့အခါမှာ ထိုပုံရိပ်ယောင်က လေထဲမှာဖြေးညှင်းစွာပျောက်ကွယ်သွားခဲ့တယ်။ အနက်ရောင်ကျောက်စိမ်းမြွေရုပ်ဆီကနေ ဖြာထွက်လာတဲ့အလင်းတွေက လုဟန် ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပါတော့တယ်။တူညီတဲ့ခန္ဓာကိုယ်နဲ့ တူညီတဲ့ကျင့်ကြံမှုတွေဖြစ်တာကြောင့် ဒါတွေကို အဟန့်အတားမရှိ လုဟန် စုပ်ယူနိုင်ပါတယ်။

ယဇ်ပုလ္လင်ပေါ်မှာတော့အနက်ရောင်ဝတ်ရုံနဲ့ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ကွယ်ပျောက်သွားပြီး ထိုကောင်လေးအစား အလင်းဖြာနေတဲ့ အကြေးခွံတွေဖုံးအုပ်ထားတဲ့ အနက်ရောင်မြွေကြီးတစ်ကောင်ပဲရှိပါတော့တယ်။အနက်ရောင်မြွေကြီးကတဖြည်းဖြည်းနဲ့ကြီးထွားလာခဲ့တယ်။
ကျောက်တုံးနံရံထိပ်ပိုင်းနဲ့ထိမိလောက်တဲ့အထိဆက်လက်ကြီးထွားနေတယ်။

တားမြစ်နယ်မြေပျက်စီးသွားမှာစိုးရိမ်တာကြောင့် နောက်ဆုံးတော့ ရုတ်တရက်တိုးပွားလာတဲ့စွမ်းအားတွေကို လုဟန် ထိန်းချုပ်နိုင်ခဲ့ပါတယ်။လုဟန် လူအသွင်ပြန်ပြောင်းလိုက်ပြီးကျင့်ကြံမှုကိုတည်ငြိမ်အောင် စတင်လုပ်ဆောင်လိုက်ပါတယ်။လူအသွင်နဲ့မူလအသွင်ကသိပ်တော့ခြားနားမှုမရှိတော့ပါဘူး။

How to die as heavy as mount TaiOnde as histórias ganham vida. Descobre agora