အခန်း(31)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

Start from the beginning
                                    

ဘဝဆိုတာဒီလိုပါပဲ....

လုဟန် သက်ပြင်းတစ်ချက်ချလိုက်ပြီး တားမြစ်နယ်မြေရဲ့အတွင်းပိုင်းကို ဆက်လက်ဝင်ရောက်သွားခဲ့တယ်။လမ်းရဲ့အဆုံးမှာ ရှေးကျတဲ့ ယဇ်ပုလ္လင်တစ်ခုရှိနေပါတယ်။ထိုယဇ်ပုလ္လင်ကို သေးငယ်တဲ့အနက်ရောင်မြွေတစ်ကောင်က ရစ်ပတ်ထားတယ်။

အကြီးအကျယ်အံ့သြသွားခဲ့တဲ့ လုဟန် ကခြေလှမ်းအနည်းငယ်လောက်လှမ်းလိုက်ပြီး ထိုမြွေကို သေချာစူးစမ်းကြည့်လိုက်ပါတယ်။ဒီမြွေရုပ်ကို အနက်ရောင်ကျောက်စိမ်းနဲ့ထွင်းထုထားတယ်။ထိုအနက်ရောင်ကျောက်စိမ်းမြွေရုပ်က ရှုပ်ထွေးစွာထွင်းထားရပုံပါပဲ။အကြေးခွံတစ်ခုချင်းစီတိုင်းက အလွန်ကိုတိကျသေချာစွာထွင်းထုထားတာပါ။လုဟန် ဒါကို စမြင်လိုက်တုန်းက မြွေအစစ်တစ်ကောင်လို့ ထင်ခဲ့မိတာ အံ့သြစရာမဟုတ်တော့ပါဘူး။

သူ့ကို ခေါ်ငင်နေခဲ့တဲ့အရာက ထိုမြွေရုပ်မှန်းသိလိုက်အခါ လုဟန် ထိုမြွေရုပ်ဆီကိုလက်လှမ်းလိုက်ပါတယ်။မြွေရုပ်ကိုထိလိုက်တဲ့အခိုက်အတန့်မှာ လုဟန် ရဲ့မျက်ဝန်းတွေစတင်တောက်ပလာပြီး မြွေရုပ်ကနေ
ပုံရိပ်ယောင်တစ်ခုအဖြစ်ပြောင်းသွားခဲ့တယ်။

ထိုပုံရိပ်က အနက်ရောင်ဝတ်ရုံကိုဆင်မြန်းထားပြီး၊အနက်ရောင်ဆံပင်ရှည်၊ဖြူဖွေးနေတဲ့အသားအရေ၊ထက်မြက်သိမ်မွေ့တဲ့မျက်ခုံး၊အလေးနက်မထားတတ်တဲ့ ထီမထင်တဲ့အကြည့်တွေနဲ့ လူတွေကို ကြည့်တတ်တဲ့
ယောက်ကျားတစ်ယောက်ရဲ့ပုံရိပ်ဖြစ်တယ်။ထိုပုံရိပ်ယောင်က လုဟန် ရဲ့လက်ရှိခန္ဓာကိုယ်နဲ့တစ်ထပ်တည်းတူညီပေမယ့်၊အနည်းငယ် အသက်ကြီးပုံရတယ်။ဒါက နတ်ဆိုးဘုရင်(မူလအစစ်အမှန်ကျန်း)ချန်ရစ်ထားခဲ့တဲ့ ပုံရိပ်ယောင်တစ်ခုဖြစ်တယ်ဆိုတာ လုဟန် သတိထားမိလိုက်တယ်။

"ဘယ်သူရောက်လာတာလဲဆိုတာငါမသိဘူး၊ဒါကလဲအရေးတော့မကြီးပါဘူး။နတ်ဆိုးလို့ သူ့ကိုယ်သူသတ်မှတ်ထားသူတိုင်းဒီကို ဝင်ရောက်လာနိုင်တာပဲ"

ပုံရိပ်ယောင်နတ်ဆိုးဘုရင်က အနက်ရောင်ကျောက်စိမ်းမြွေရုပ်ကို ချန်ထားခဲ့တဲ့ရည်ရွယ်ချက်ကိုရှင်းပြနေတယ်။

How to die as heavy as mount TaiWhere stories live. Discover now