အခန်း(31)ပြိုင်ဘက်ကင်းပါရမီရှင် နတ်ဆိုးပါ့ရှယ်

Start from the beginning
                                    

နောက်ဆုံးမှာတော့ သူတို့ရှေ့မှာမြင်နေရတာက နတ်ဆိုးကလန်ရဲ့ တားမြစ်နယ်မြေဖြစ်တဲ့ကျောက်သားတံခါးတစ်ခုပဲဖြစ်ပါတယ်။ရှေးကျလှတဲ့ကြီးမားတဲ့ကျောက်သားတံခါးကြီးကိုမြင်ရတဲ့အခါ တံခါးရဲ့နောက်ကနေ သူ့ကို တစ်စုံတစ်ခုက လက်ယက်ခေါ်နေသလိုခံစားရပြန်တယ်။

"တံခါးရဲ့အနောက်မှာ"

"နတ်ဆိုးဘုရင်တစ်ယောက်တည်းသာလျှင်ဝင်နိုင်တာပါ၊ကျွန်မနဲ့ ဆရာတော် စစ်ခုန်း  တို့ ဒီကနေပဲစောင့်နေပါ့မယ်"

လုဟန် ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး ခြေလှမ်းဖို့ပြင်နေတုန်းမှာ စစ်ခုန်း  ရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်။

"မင်းရဲ့စိတ်ကိုငြိမ်ငြိမ်ထားပြီး မင်းရဲ့ချီပင်လယ်ကို အာရုံစိုက်ထား၊ပြီးရင် တံခါးရဲ့နောက်မှာ တစ်ခုခုထူးခြားတာရှိလားဆိုတာ အာရုံခံကြည့်လိုက်"

နတ်ဆိုးတွေရဲ့ အန္တာရာယ်ကိုသိမြင်ခံစားနိုင်မှုအာရုံကအရမ်းထက်မြက်လွန်းပါတယ်။ဒါ့ကြောင့်  စစ်ခုန်း  အခုလိုအကြံပေးခဲ့တာဖြစ်တယ်။

လုဟန် က စစ်ခုန်း ရဲ့ စကားတွေကိုခဏစဉ်းစားလိုက်ပြီးကျောက်တံခါးနောက်ကွယ်မှာရှိတဲ့အရာတွေကသူ့အတွက်အန္တရာယ်ကင်းပြီးအလွန်အရေးကြီးကြောင်းအတည်ပြုနိုင်ခဲ့တယ်။

လုဟန် က မင်ရဲ့အလောင်းနှင့်အတူတားမြစ်နယ်မြေထဲကို ၀င်သွားခဲ့တယ်။ပထမဦးဆုံးအနေနဲ့ မြေခွေးဘုရင်ရဲ့အဆိုအရ  မြေခွေးမျိုးနွယ်စုရဲ့သင်္ချိုင်းနေရာကိုရှာလိုက်ပြီးမင်ရဲ့ အရိုးတွေကို ထည့်လိုက်တယ်။ မင်ရဲ့အရိုးတွေကို ထည့်လိုက်တာနဲ့မြေခွေးကလန်ရဲ့ဘိုးဘေးတွေရဲ့နတ်ဆိုးစွမ်းအားတွေက အရိုးတွေကိုပင့်မြှောက်စေခဲ့ပြီး တားမြစ်နယ်မြေနဲ့ပေါင်းစည်းသွားစေခဲ့တယ်။

ခဏလောက်ကြာတဲ့အခါ တစ်စုံတစ်ယောက်က လုဟန်  နားကိုကပ်ပြီး တီးတိုးရေရွတ်သွားတဲ့အသံလိုမျိုးကြားလိုက်ရတယ်။

"ကျေးဇူးအများကြီးတင်ပါတယ်"

အဲ့အချိန်မှာပဲ လုဟန် ရဲ့စိတ်ထဲကို တားမြစ်နယ်မြေနဲ့ပတ်သတ်တဲ့အချက်အလက်တွေဝင်ရောက်လာခဲ့တယ်။စွမ်းအင်ဉပဒေသတွေက နတ်ဆိုးမျိုးနွယ်တွေရဲ့တားမြစ်နယ်မြေကို အားဖြည့်ထောက်ပံ့ပေးပြီး နတ်ဆိုးနယ်မြေမှာရှိတဲ့ မျိုးနွယ်စုကလန်တိုင်းရဲ့အသက်စွမ်းအားကို ထောက်ပံ့ပေးထားတာဖြစ်တယ်။အဆင့်တက်ခြင်းကိုကျရှုံးခဲ့တဲ့ ကြီးမြတ်တဲ့နတ်ဆိုးတွေက တားမြစ်နယ်မြေကို ပြန်လာကျလေ့ရှိပါတယ်။သူတို့ရဲ့ စွမ်းအင်တွေကို စွမ်းအင်ဉပဒေသဆီကို ပြန်ပေးအပ်လိုက်ပြီး နတ်ဆိုးနယ်မြေကိုဆက်လက်စောင့်ရှောက်ပေးကျတယ်။

How to die as heavy as mount TaiWhere stories live. Discover now