အပိုင်း(၈၈)

Börja om från början
                                    

ဆရာက မေးခွန်းတွေကို အမြန်ပဲ ရှင်းပြသွားခဲ့တယ်။ အထူးသဖြင့် ဒီတစ်ခေါက်က အားလုံးက အမှတ်တွေများကြတာကိုး။ ဒါကြောင့်မလို့လဲ အတန်းပြီးသွားတော့ ချောင်လန်က ထန်းမော့နဲ့ အစကနေ အကုန်ပြန်လုပ်ခဲ့တယ်။ သူမက အိမ်မှာလိုပဲ အရမ်းစိတ်ရှည်နေတယ်။ အဲ့တာက ထန်းမော့ စိတ်ခံစားချက်တွေကို စမှတ်တုန်းကလိုပဲ။ ဖော်ပြထားတဲ့ စိတ်ခံစားချက်တိုင်း အတွေးတိုင်းကို သူမက ထန်းမော့ကို သေသေချာချာ ရှင်းပြခဲ့တယ်။

ချောင်လန်က သူမထန်းမော့ကို ပြောနေတဲ့ဟာတွေကို တစ်ခြားလူတွေကို မကြားစေချင်ဘူး။ ဘာလို့လဲဆိုတော့ တစ်ခြားသူတွေအမြင်မှာက ဒါမျိုးက ပြောစရာမလိုတဲ့ဟာတွေ မလို့လေ။ ထန်းမော့က စိတ်ခံစားချက်နဲ့ပတ်သက်ရင် နှေးကွေးတယ်ဆိုတာကို သူမက တစ်ခြားသူတွေကို မသိစေချင်ဘူး။ သူမက ထန်းမော့ရဲ့ရောဂါနဲ့အခြေအနေကို သနားပြီး နားလည်ပေးနိုင်တယ်ဆိုပေမဲ့ တစ်ခြားသူတွေက ဒါကိုသိသွားရင် သူမလိုပဲ ဖြစ်လိမ့်မယ်လို့ သူမသေချာမပြောနိုင်ဘူးလေ။

ထန်းမော့ရှင်းရှင်းလင်းလင်း ကြားနိုင်အောင်လို့ ချောင်လန်က အသံကိုတိုးလိုက်ပြီး ထန်းမော့နဲ့ အရမ်းကပ်လိုက်တယ်။ သူမက ခံစားချက်တွေအကြောင်းမေးထားတဲ့ စာပိုဒ်ကိုလက်ညိုးထိုးပြလိုက်ပြီး အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတဲ့ ထန်းမော့အတွေးကိုမေးလိုက်တယ်။

ထန်းမော့က သိပ်မတိကျဘူး။ အဲ့တာကြောင့် ချောင်လန်က ထန်းမော့လက်ထဲက ဘောပင်ကိုယူလိုက်တယ်။ သူ သူမကိုဘောပင်ပေးတော့ သူမလက်ချောင်းတွေက သဘာဝကျစွာပဲ ထန်းမော့ရဲ့ အေးစက်နေတဲ့ လက်ချောင်းတွေကို ထိမိသွားတယ်။

ရုတ်တရက် ထန်းမော့တောင့်သွားတယ်။ ခဏကြာတော့ သူက ရုတ်တရက်ကြီး လက်ကို ချောင်လန်နဲ့အဝေးကို ထားလိုက်တယ်။

ချောင်လန် ကြောင်သွားတယ်။

သူမနဲ့ ထန်းမော့က တစ်ယောက်နဲ့တစ်ယောက်သိတာကြပြီလေ။ ပြီးတော့ သူမက ထန်းမော့ကိုကူပြီးတော့တောင် နှိပ်ပေးခဲ့တာလေ။ ထန်းမော့က သူမရဲ့အထိအတွ့ကို ရင်းနီးနေပါပြီ။ ဒါပေမဲ့ အခုတလော ထန်းမော့က သူမကိုထိရမှာကို ကြောက်နေသလိုပဲ။

ဗီလိန်ရဲ့ လမ်းပြကြယ်Där berättelser lever. Upptäck nu