Yellow Is The Warmest Colour ¹⁴

Start from the beginning
                                    

" ဘာဖြစ်လာတာလဲ Chae "




" Jennie က သူ့ရဲ့ ဘယ်ဖက် လက်သန်းကြွယ်မှာ
လက်စွပ်တစ်ကွင်း နဲ့ အတူ Post တင်ထားတယ်
ငါ ထင်တာ မမှားဘူးဆိုရင် အဲ့ဒါ ​စေ့စပ်လက်စွပ်ပဲ "




" မဖြစ်နိုင်တာ ... ငါ့ လာ​နောက်​နေတာလား "




ခပ်ကျဲကျဲ ရယ်ပြီး Chaeyoung ရဲ့ လက်ထဲက ဖုန်းကို
ယူကြည့်လိုက်​​တော့ သူ​ပြောသလို Jennie က
" December 23 ? I'm so excited !!! " ဆိုတဲ့ စာနဲ့​အတူ
ဘယ်ဖက်လက်သန်းကြွယ်မှာ လက်စွပ်တစ်ကွင်းကို
ဝတ်ထားရင်း လွန်ခဲ့တဲ့ ၂ ရက်​လောက်က Post တင်ထားတယ် ။




" ငါ့ အ​ကောင့်မှာ ဘာ Noti မှ မတက်လာဘူး "




ရင်ဘတ်ကြီးတစ်ခုလုံး ​ဗြောင်းဆန်​နေပြီး​​တော့
Lisa မျက်ရည်​တွေ ဝဲတက်လာခဲ့တယ် ။
အသံ​တွေကလည်း တုန်ရီလို့ ​ခြေ​ထောက်​တွေ​တောင်
မတ်တပ် ဆက်ရပ်ဖို့ အား လုံးဝ မရှိ​တော့ဘူး ။




" Lisa ... စိတ်ထိန်းဦး
ငါ Jennie ကို ဖုန်းဆက်ကြည့်မယ် "




Chaeyoung က ဖုန်းလှမ်းဆက်​တော့
ပထမအကြိမ်မှာ ဖုန်းမကိုင်ဘူး ။ ​နောက်တစ်ခါ
ဆက်တဲ့အခါမှာ​တော့ Lisa လွမ်း​နေခဲ့ရတဲ့
Jennie ရဲ့ အသံ​လေး ထွက်​ပေါ်လာခဲ့တယ် ။

ဒါ​ပေမယ့် မာ​ကြောလှတဲ့ ​လေသံနဲ့အတူ
ခပ်ထန်ထန်​​ စကားလုံး​တွေသာ ဖြစ်သည် ။




" ငါ့ဆီ ဘာကိစ္စ ဖုန်းဆက်တာလဲ "




" Jennie ... နင် ပုံတင်ထားတာ​လေ
အဲ့ဒါက ဘယ်လို အဓိပ္ပါယ်မျိုးလဲဟင်
မနက်ဖြန် Korea ကို ပြန်လာမယ်မလား "




" ​အာ ... မနက်ဖြန်ငါ​စေ့စပ်မှာ​လေ
Korea ကို ပြန်မလာဖြစ်ဘူး
​နောက်တစ်ခါ ဖုန်း ထပ်မဆက်ပါနဲ့​တော့ "




​ဘေးနားမှာ ရှိ​နေကြတဲ့သူ​တွေ အားလုံး
အံ့သြ​နေတာထက်ကို Lisa ပိုပြီး အံ့အားသင့်ရတယ် ။

ဘဝမှာ အကြီးမားဆုံး​သော ​ပျော်ရွှင်မှု အစိတ်အပိုင်းကို
ဆွဲထုတ် ယူသွားခံလိုက်ရသလိုမျိုး ရင်ဘတ်ထဲမှာ
ဗလာဖြစ်သွားပြီး​တော့ ခံစားချက်​တွေက ပူပြင်း​နေခဲ့သည် ။

Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now