အပိုင်း(၈၂)

Start from the beginning
                                    

" ဒီတိုင်းပါပဲ " ချောင်လန်က ပြန်ပြောလိုက်တယ်။

" ချောင်လန် အတန်းပိုင်ဆရာက နင့်ကို ရုံးခန်းလာပြီး သူနဲ့လာတွေဦးတဲ့။ "

" အင်း ငါသိပြီ " ချောင်လန်က မတ်တပ်ရပ်လိုက်ပြီး စာသင်ခန်းအပြင်ဘက်ကို လျှောက်သွားလိုက်တယ်။ သူမထွက်သွားတော့ အခန်းထဲက တစ်ယောက်က ခေါင်းဆောင်တွေဝတ်ရမဲ့ စကပ်အတိုတွေအကြောင်း စပြောနေပြန်တယ်။

ဟောင်ရင်က ပြုံးလိုက်ပြီး အဲ့ကောင်လေးကို ကန်လိုက်တယ်။ " ဘယ်အားကစားပွဲတော်ရဲ့ ဆိုင်းဘုတ်ကိုင်ရတဲ့ခေါင်းဆောင်တွေက စကပ်မဝတ်ရတာ ရှိလို့လဲကွ။ "

" ဟုတ်သားပဲ " အားလုံးက ရယ်လိုက်ကြတယ်။

ရှန်းရှောင်ဟန်က မနေ့က ချောင်လန်စကပ်အတိုဝတ်ထားတဲ့ ပုံစံကို သတိရသွားပြီး အဲ့တာကို တွေးလိုက်မိတာနဲ ရုတ်တရက် ထန်းမော့ကို တို့လိုက်မိတယ်။

ထန်းမော့က ရုတ်တရက်ကြီးဆိုတော့ တောင့်သွားတယ်။ ပြီးတော့ အနောက်လှည့်လာပြီး သူ့မျက်နှာက အရမ်းကို ရုပ်ဆိုးနေတယ်။ " ငါ့ကိုမထိနဲ့ "

ရှန်းရှောင်ဟန်က မျက်နှာရှုံ့မဲ့မဲ့နဲ့ လက်ကို ပြန်ရုတ်လိုက်ပြီး ပြောလိုက်တယ်။ " ထန်းမော့ နင် အားကစားပွဲတော်နေ့ကျ တစ်ကယ်မလာဘူးလား "

ထန်းမော့က ရှန်းရှောင်ဟန်ကို စကားအကြမ်းကြီး မပြောမိဖို့ရာ သူ့ကိုယ်သူထိန်းနေတယ်။ သူ့ကို ခုနက ထိလိုက်တဲ့အတွက်လေ။ ရှန်းရှောင်ရန်က အဲ့တာကို လက်မလျှော့ဘဲ ဆက်ပြောနေတယ်။ " မနေ့တုန်းက ချောင်လန်က အဆောင်မှာ ခေါင်းဆောင်တွေ ဝတ်ရမဲ့ ဝတ်စုံကို အစမ်းဝတ်ကြည့်တာလေ။ အရမ်းလှတာပဲ။ ငါကြားတာတော့ အားကစားပွဲတော်နေ့ကျရင် ခေါင်းဆောင်တွေအကုန်လုံးကို မိတ်ကပ်လဲ လိမ်းပေးဦးမှာတဲ့။ နင်တစ်ကယ်ကြီး လာမကြည့်တော့ဘူးလား။ "

ထန်းမော့က ရှန်းရှောင်ဟန်ကို အေးစက်စွာ ကြည့်လိုက်တယ်။ ပြီးတော့ သူစကားတစ်ခွန်းမှတောင် မပြောရသေးဘူး ချောင်လန်က ပြန်ရောက်လာခဲ့တယ်။

ချောင်လန်က မျက်နှာမကောင်းတဲ့ ထန်းမော့ကို တစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ အပြစ်ကင်းစင်တဲ့ မျက်နှာထားလေးရှိနေတဲ့ ရှန်းရှောင်ဟန်ကို တစ်ချက်ကြည့်လိုက်တယ်။ နောက်ဆုံးတော့ ထန်းမော့ဘက်ကိုပဲ လှည့်လိုက်ပြီး ဘာဖြစ်တာလဲလို့ မေးလိုက်တယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now