အပိုင်း(၇၉)

Start from the beginning
                                    

ဒါပေမဲ့ အခုတော့ အရာအားလုံးက မတူညီတော့ဘူး။

တစ်နေ့ပြီးတစ်နေ့ သူနဲ့ ချောင်လန်နဲ့ ကြားထဲကို နာမည်မျိုးစုံက ဖြေးဖြေးချင်းနေရာယူလာတာကို ထန်းမော့သိလာတယ်။

ကောင်လေးတွေရော ကောင်မလေးတွေရောပဲ။

ဒါပေမဲ့ ထန်းမော့ကို ပိုပြီး စိတ်ညစ်စေတာက ဘာလဲဆိုတော့ ဒါတွေအားလုံးက သူလုပ်ခဲ့တဲ့ အကျိုးရလဒ်တစ်ခုဖြစ်နေတာပဲ။

တစ်ခါတုန်းက သူမ ကောင်းတာကို တစ်ခြားသူတွေက မမြင်နိုင်လို့ သူက မတရားဘူးလို့ ခံစားခဲ့ရဖူးတယ်။ အဲ့တာကြောင့် သူက ၁နှစ်ကျော်လောက် အချိန်ကုန်ခံပြီး ချောင်လန့်ကို အများကြီးကျွေးခဲ့တယ်။ ချောင်လန် ဘယ်လောက်ကောင်းလဲဆိုတာ မသိတဲ့လူတွေကို သူမဘယ်လောက်တောင်ကောင်းကြောင်း သူက လူတွေကို မြင်စေချင်ခဲ့တယ်။

အခု သူဆန္ဒရှိတဲ့အတိုင်း အားလုံးက သူမအလှကို မြင်သွားကြပြီလေ။

ဒါပေမဲ့ သူတစ်ခုကို မေ့သွားခဲ့တယ်။ အဲ့တာကတော့ လူအားလုံးက လှပတဲ့ အရာတွေကို နှစ်သက်တောင့်တကြတယ်ဆိုတာကိုပဲ။ တစ်ချို့လူတွေက ချောင်လန်ကောင်းတာကို ရှာတွေ့သွားကြပြီး သူမနဲ့ နီးကပ်ဖို့ ကြိုးစားလာကြတယ်။ သူ့လိုပဲပေါ့။

ထန်းမော့က သူ့အင်္ကျီလက်ပေါ်က ချောင်လန့်လက်ကို ငုံ့ကြည့်လိုက်တယ်။ သူက လက်ကိုဆန့်ထုတ်လိုက်တယ်။ ဒါပေမဲ့ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လက်ကို ပြန်ရုတ်လိုက်တယ်။

အဲ့အခိုက်အတန့်မှာ သူတစ်ကယ်ပဲ သူမလက်ကို ဆုပ်ကိုင်လိုက်ချင်နေတယ်။

သူက အဲ့လိုအတွေးမျိုးဝင်လာပေမဲ့ ဘာလို့ အဲ့လိုမလုပ်ခဲ့မိတာလဲဆိုတာ သူတစ်ကယ် မသိတော့ဘူး။ သူ့စိတ်ထဲက အသံတစ်ခုကပြောနေတယ် အဲ့တာက မဖြစ်နိုင်ဘူးတဲ့လေ။ အဲ့တစ်ခုပဲ သူသိတော့တယ်။

ထန်းမော့က ဟောင်ရင့်ကို ပထမဆုံးနေ့ကထဲက မှတ်မိခဲ့တာ။

ချောင်လန့်ဘေးမှာ စကားပြောရင်း ရယ်ရင်းမောရင်းနဲ့ လမ်းလျှောက်ခဲ့ဖူးတဲ့ တက်ကြွပြီး ကျန်းမာတဲ့ ကောင်လေးလေ။ သူက အခုတလော ချောင်လန့်အနီးတစ်ဝိုက်မှာ ပေါ်ပေါ်လာတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now