အပိုင်း(၇၇)

Start from the beginning
                                    

ချောင်လန် အနောက်လှည့်ကြည့်လိုက်တော့ သွားတိုက်ဆေးကြော်ညာလို့ရတဲ့ ပုလဲလိုဖြူဖွေးနေတဲ့ သွားအတန်းလိုက်ကြီးကို တွေ့လိုက်ရတော့ ဒါက ဘယ်သူလဲဆိုတာ သူမချက်ချင်းသိသွားတယ်။

" ငါ ဒီလို ponytail ကိုမြင်လိုက်ကထဲက နင်မှန်းသိသားပဲ။ နောက်လာမဲ့စာမေးပွဲတွေမှာလဲ အများကြီးမေးမယ်နော်..... "

အရှေ့က ကောင်မလေးက ခေါင်းကို ရုတ်တရက်လှည့်လာတယ်။ ဟောင်ရင်က ရုတ်တရက်ကြီးဆိုတော့ စကားပြောတာကို ရပ်လိုက်မိတယ်။ ကြည့်နေကြတဲ့လူတွေရဲ့ မျက်လုံးထဲမှာတော့ စကားအများကြီးပြောနိုင်တဲ့ ဟောင်ရင်က ဒီလိုအရမ်းလှတဲ့ မျက်နှာလေးကို တွေ့လိုက်ရလို့ လန့်သွားပြီး ရုတ်တရက်စကားပြောမထွက်တော့တာလို့ ထင်နေကြတယ်။

ချောင်လန်က ဟောင်ရင်ကို တစ်ချက်ကြည့်လိုက်ပြီး နည်းနည်း အံ့အားသင့်သွားခဲ့တယ်။ ဟောင်ရင်ရဲ့ အဆင့်တွေက တအားကြီးတော့ မဆိုးပါဘူး။ ဒါပေမဲ့ ဒီအခန်းကို ဝင်နိုင်လောက်တဲ့အထိ ကောင်းတာ မဟုတ်တာတော့ သေချာတယ်။ ချောင်လန်က သူ့ကို မသေချာတဲ့ပုံစံနဲ့ မေးလိုက်တယ်။ " နင်က ဒီအခန်းမှာ ကျတာလား "

ဟောင်ရင်က ကြောင်သွားတယ်။ သူ့ရဲ့ချောမောလှတဲ့ မျက်နှာက စိတ်လှုပ်ရှားနေတာ အသိသာကြီးပဲ။

" ငါ့အဖေကပြောတယ် ငါ့ကိုဒီအခန်းကိုလာခိုင်းတာက ကျောင်းကစာတော်တဲ့သူတွေရဲ့ သင်ယူမှုအခြေအနေတွေ ငါ့ကို ကူးစက်နိုင်အောင်လို့တဲ့။ ပြီးတော့ တစ်ခုခု သင်ယူလို့ရအောင်လို့လေ။ " ဒီလူကတော့ သူကနောက်ပေါက်ကနေလာတယ်ဆိုတာ လူတွေကိုပြောပြဖို့ နည်းနည်းလေးတောင်မရှက်ဘူးဘဲ။ အရိုးသားဆုံးပြောရရင် ချောင်လန်က မေးလိုက်တာတောင် နည်းနည်း ရှက်နေပြီလေ။ " အိုး " လို့ပဲ ပြန်ပြောနိုင်တော့တယ်။

ဟောင်ရင်က ပျော်ရွှင်စွာ ပြုံးလိုက်တယ်။

အထက်တန်းပထမနှစ်တုန်းက အခန်း၁၃က တစ်နှစ်လုံးရဲ့ အစောင့်ကြည့်ခံရဆုံး အခန်းပဲဖြစ်တယ်။ သူတို့အခန်းရဲ့ စာမေးပွဲရလဒ်တွေက အမြဲပထမချည်းဖြစ်နေခဲ့တာလေ။ သူတို့က အမြဲတမ်း ထိပ်ဆုံး၃နေရာကို အပိုင်သိမ်းထားကြတယ်။ ဒါ့အပြင် ပထမနှစ်ရဲ့ အချောဆုံးကောင်လေးတွေ အလှဆုံးကောင်မလေးတွေကလဲ သူတို့အခန်းထဲမှာပဲ ရှိကြတာလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now