Chapter-7 [Can you always protect me?]

Start from the beginning
                                    

~~~~~

"မျက်ဝန်း အိမ်ရောက်ပြီ။"
စကားသံကြောင့်မျက်ဝန်းဆိုင်ကယ်ပေါ်မှဆင်းလိုက်ပြီး
"မျက်ဝန်းကိုအခုလိုကူညီပေးလို့ ကျေးဇူးပါ အစ်မ။"
ကျေးဇူးတင်စကားပြောလိုက်တော့
"မျက်ဝန်းသာနောက်တစ်ခါအဲလိုမဖြစ်အောင်ဂရုစိုက်ပါ။"
ပြောပြီးထွက်သွားဟန်ပြင်နေသည့်သူကြောင့်မျက်ဝန်းကိုယ်ပေါ်ခြုံပေးထားသောဂျက်ကတ်ကိုမျက်ဝန်းအမြန်ချွတ်ပြီးပေးရန်လက်လှမ်းစဥ်သွေးစို့နေသောနှုတ်ခမ်းထောင့်ကိုတွေ့လိုက်ရသဖြင့်
"အစ်မ ဒါလေးပြန်ယူသွားအုံး.. ဟင် အစ်မနှုတ်ခမ်းထောင့်မှာ.."
မျက်ဝန်းပြောလိုက်တော့အစ်မကသူ့နှုတ်ခမ်းထောင့်ကိုလက်မဖြင့်ပြန်စမ်းပြီးလက်မကိုကြည့်တော့သွေးစနည်းနည်းသာထွက်နေသဖြင့်
"သွေးကနည်းနည်းပါပဲ။"
"ဘာကိုနည်းနည်းလဲ။ အမာရွတ်ကျန်ခဲ့ရင်ဘယ်လိုလုပ်မလဲ။ လာလာ အိမ်ထဲဝင် မျက်ဝန်းဆေးထည့်ပေးမယ်။"
မျက်ဝန်းပြောလည်းပြောရင်းအစ်မကိုဆွဲတော့
"ခဏနေပါအုံး မျက်ဝန်းရဲ့။ အစ်မဆိုင်ကယ်..။"
ခုနကယောကျ်ားသုံးယောက်ကိုရဲရဲဝင့်ဝင့်ရင်ဆိုင်ခဲ့သောအစ်မပုံစံပျောက်ပြီးဆိုင်ကယ်ပျောက်မှာစိုးရိမ်နေသောအစ်မပုံစံကမျက်ဝန်းသဘောကျစွာပြုံးမိပြီးမှ
"လူကိုပဲအိမ်ခေါ်မှာမဟုတ်ပါဘူး။ ဆိုင်ကယ်ကိုလည်းခြံထဲဖိတ်ပါတယ်။"
မျက်ဝန်းခပ်နောက်နောက်ဆိုတော့အစ်မရယ်ကျဲကျဲဖြင့်ခြံထဲဆိုင်ကယ်ကိုတွန်းပြီးနေရာလွတ်တွင်ထောင်ထားပြီးမျက်ဝန်းနဲ့အတူအိမ်ထဲသို့ဝင်လာခဲ့သည်။
မျက်ဝန်းကသူမ၏ပေါက်သွားသောနှုတ်ခမ်းထောင့်ကိုဆေးထည့်ပေးပြီးနာရီကိုကြည့်တော့၁၀နာရီခွဲတောင်ရှိနေပြီ​ဖြစ်၍
"အစ်မ ပြန်ဖို့နောက်ကျနေပြီဆိုတော့ ဒီမှာပဲအိပ်လိုက်ပါလား။ အခန်းကတော့မျက်ဝန်းအခန်းမှာပဲအိပ်လို့ရမယ်။"
"ရတယ် မျက်ဝန်း။ အစ်မပြန်ဖို့အဆင်ပြေတယ်။"
သူမက​ပြောပြီးမတ်တပ်ထရပ်လိုက်တော့မျက်ဝန်းကသူမရဲ့အကျ်ီစလေးကိုလက်ညိုးနဲ့လက်ခလယ်ကိုကွေးကာဆွဲထားရင်း
"မျက်ဝန်းအဆင်မပြေဘူး။ အစ်မတစ်ယောက်တည်းပြန်လို့အဆင်ပြေနိုင်ပေမယ့်မျက်ဝန်းကတော့ဒီညတစ်ယောက်တည်းနေဖို့အဆင်ပြေနိုင်မယ်မထင်ဘူး။ အိမ်မှာကိုကြီးလည်းမရှိသလို၊အိမ်တော်ထိန်းကြီးလည်းမရှိဘူး။"
မျက်ဝန်း၏စကားကြောင့်သူမ,မျက်ဝန်းကိုတစ်ချက်ကြည့်ပြီး
"မျက်ဝန်းဘက်ကအဆင်ပြေတယ်ဆိုရင်အစ်မဘက်ကလည်းတစ်ညအိပ်ဖို့အဆင်ပြေပါတယ်။ ဒါပေမယ့်အစ်မကတော့ဒီဆိုဖာရှည်မှာအိပ်ချင်တယ်။"
"ရတယ် အစ်မအဆင်ပြေတဲ့နေရာမှာအိပ် မျက်ဝန်းတစ်ယောက်တည်းဖြစ်မနေရင်ပြီးရော။"
လိုချင်တာရသွားသောကလေးတစ်ယောက်လိုအပြစ်ကင်းစင်စွာပြုံးရယ်နေသောမျက်ဝန်းကိုကြည့်ရင်းသူမပါပြုံးရယ်မိသွားသည်။
"အစ်မခြေလက်ဆေးချင်ရင်အပြာရောင်ချိတ်ထားတဲ့အဲအခန်းမှာသုံးလို့ရတယ်။ မျက်ဝန်းအဝတ်လဲပြီးပြန်ဆင်းလာ.. သြော်ဂျက်ကတ်ကိုမျက်ဝန်းလျှော်ထားပြီးမှပြန်ပေးတော့မယ်။"
သူမကိုမျက်ဝန်းကလမ်းညွှန်ပြီးမှစားပွဲပေါ်ကဂျက်ကတ်ကိုသတိရသွားကာကောက်ယူရင်းသူမရှေ့မှမျက်ဝန်းထွက်သွားသည်။မျက်ဝန်းညွှန်သည့်အခန်းထဲဝင်ကာသူမခြေလက်ဆေးပြီးထွက်လာတော့မျက်ဝန်းလည်းအခန်းထဲမှထွက်လာပြီးနောက်ထပ်အခန်းတစ်ခုထဲဝင်သွားသဖြင့်သူမ,မျက်ဝန်းနောက်ကလိုက်လာခဲ့မိသည်။​သူမ,ရေနွေးအိုးတည်ဖို့ပြင်ဆင်နေသောမျက်ဝန်းကိုအကြည့်မလွှဲပင်ကြည့်နေမိသည်ကိုခွက်ထဲရေနွေးထည့်ဖို့လုပ်နေသောမျက်ဝန်းအာရုံရောက်သွားသဖြင့်သတိမထားမိပဲမျက်ဝန်းလက်ရေနွေးပူလောင်သွားသည်။
"အား ပူလိုက်တာ။"
မျက်ဝန်းအော်သံအဆုံးဖြင့်သူမရောက်လာပြီးမျက်ဝန်းလက်ကိုရေအေးဖြင့်ဆေးပေးနေသဖြင့်မျက်ဝန်း,သူမဆီအကြည့်ရောက်သွားသည်။မပြင်မဆင်ထားသောသူမ၏မျက်လုံး၊မျက်ခုံးတို့ကပြင်ဆင်ထားသူတို့ထက်ပိုလှပြီးဆေးသားမကူထား၍သဘာဝနှုတ်ခမ်းပါးကိုမျက်ဝန်းကြည့်မိပြီးထိကြည့်ချင်လာသည်။ထိုစဥ်
"မျက်ဝန်း ပူနေသေးလား။"
သူမ၏စကားသံကြောင့်သူမနှုတ်ခမ်းပါးကိုအကြည့်ရောက်နေမိသောမျက်ဝန်းမိမိလက်သို့အကြည့်လွှဲပြီး
"မပူတော့ဘူး အစ်မ။ မျက်ဝန်းပြီးမှဆေးထည့်လိုက်မယ်။"
"ပြီးမှမလုပ်နဲ့အခုသွားထည့် ဒါနဲ့မျက်ဝန်း,ရေနွေးနဲ့ဘာလုပ်မလို့လဲ။"
"ခေါက်ဆွဲပြုတ်မယ်။ပြီးတော့ကော်ဖီဖျော်မလို့။"
"အစ်မဆက်လုပ်လိုက်မယ်။ ခေါက်ဆွဲထုပ်နဲ့ကော်ဖီထုပ်နေရာပြောပြီးမျက်ဝန်းကအပူလောင်သွားတဲ့လက်ကိုဆေးသွားထည့်။"
"သူတို့ကနှစ်ထပ်မြောက်မှာ။ ပန်းကန်ကအံ့ဆွဲထဲမှာ။"
"အစ်မသိပြီ။ ကဲမျက်ဝန်းဆေးသွားထည့်တော့။"
သူမ,မျက်ဝန်းကိုဆေးသွားထည့်ခိုင်းပြီးခေါက်ဆွဲနဲ့ကော်ဖီကိုပြင်ဆင်မိသည်။မျက်ဝန်းဆေးထည့်ပြီးပြန်ရောက်လာတော့ခေါက်ဆွဲနဲ့ကော်ဖီကရနေပြီဖြစ်၍နှစ်ယောက်သားအတူထိုင်စားပြီးနောက်ပန်းကန်ဆေးရန်အလှည့်တွင်
"မျက်ဝန်းဆေးပေးမယ် အစ်မ။"
"မရဘူး။ မျက်ဝန်းလက်မှာဆေးထည့်ထားတယ်လေ။ အစ်မပဲဆေးပေးမယ်။ မျက်ဝန်းကအေးဆေးသွားထိုင်နေ။"
အစ်မကပြောရင်းမျက်ဝန်းကိုခုံလွတ်တွင်အတင်းထိုင်ခိုင်းပြီးသူမကပန်းကန်ဆေးနေသည်။
"မျက်ဝန်းသာယောကျ်ားလေးဆိုရင်အစ်မကိုယူမိမှာ။ ဘာလို့ဆိုအစ်မကအိမ်ထောင်မှုနိုင်နင်းသလိုအတိုက်အခိုက်လည်းကျွမ်းကျင်တယ်လေ။"
"အစ်မကအမြှောက်ကြိုက်လို့မြှောက်နေတာမလား။"
"မြှောက်တာမဟုတ်ဘူးနော်။ မျက်ဝန်းအတည်ပြောတာ။"
"ဟုတ်ပါပြီ။"
အစ်မကရေစိုနေသောသူမလက်ကိုအဝတ်ကြမ်းနဲ့သုတ်ပြီးမျက်ဝန်းစကားကိုပြန်ဖြေသည်။မျက်ဝန်း,သူမကိုငေးကြည့်ရင်း
"မျက်ဝန်းအခုလိုဒုက္ခရောက်နေချိန်တိုင်းအစ်မအမြဲတမ်းကာကွယ်ပေးနိုင်မလား။"
မျက်ဝန်းစကားကြောင့်ရေသုတ်နေသောသူမရေဆက်မသုတ်ဖြစ်ပဲ
"ကာကွယ်ခံရတာထက်ကာကွယ်နိုင်တာကပိုကောင်းတယ်။မျက်ဝန်းလည်းကိုယ့်ကိုယ့်ကိုကာကွယ်နိုင်အောင်ကြိုးစားသင့်တယ်။"
"အင်း ဟုတ်တယ်။ မျက်ဝန်းကြိုးစားရမယ်။ ဒီနေ့အတွက်အစ်မကိုကျေးဇူးတင်ပါတယ်။ မျက်ဝန်းသွားအိပ်တော့မယ်။"
သူမ၏ပြန်ဖြေစကားကမျက်ဝန်းကြားချင်သည့်အဖြေမဟုတ်၍စိတ်မကောင်းဖြစ်သွားသော်လည်းမျက်ဝန်းစိတ်ကိုမဖော်ပြဖြစ်ဘဲနှုတ်ဆက်စကားဆိုပြီးအခန်းသို့သာလာခဲ့သည်။ကျန်ခဲ့သောသူမလည်းထွက်သွားသောမျက်ဝန်းကိုသာငေးနေမိပြီးသူမမြင်ကွင်းထဲမှမျက်ဝန်းပျောက်သွားမှနေရာမှထထွက်လာစဥ်
"အစ်မကိုမျက်ဝန်းခေါင်းအုံးနဲ့စောင်ပေးဖို့ကျန်သေးလို့ပြန်လာပေးတာ။ ကောင်းသောညလေးဖြစ်ပါစေ။"
မျက်ဝန်းကသူမလက်ထဲခေါင်းအုံးနဲ့စောင်ကိုထိုးပေးပြီးအခန်းထဲသို့ပြန်ဝင်သွားသည်။သူမလည်းမျက်ဝန်းလာပေးသောခေါင်းအုံးနဲ့စောင်ကိုသုံးကာဆိုဖာတွင်အိပ်လိုက်သည်။သေချာတာတော့သူမတို့နှစ်ယောက်လုံးအတွက်ဒီညကအမှတ်တရအချို့ရှိနေမှာကအသေအချာပင်။

Me, You, The Ghost & HerWhere stories live. Discover now