အပိုင်း(၇၂)

Start from the beginning
                                    

ဦးလေးချန်က ပြောလို့ပြီးသွားတော့ ပြုံးလိုက်တယ်။ တစ်ကယ်တော့ စိတ်ပူစရာ တစ်ခုမှ မရှိပါဘူး။ ထန်းမော့က လူတွေမရှိရင် မနေတက်တဲ့ ကလေးလေးမှ မဟုတ်တာပဲ။ အရင်တုန်းကဆိုရင် အဖေထန်းက ထန်းမော့ကို အိမ်မှာ မကြာခဏဆိုသလို တစ်ယောက်ထဲ ထားခဲ့တက်တာပဲ။ သူက ဒီအခွင့်အရေးကိုယူလိုက်ပြီး ထန်းမော့အကြောင်းကို ချောင်လန့်ကို ပြောပြချင်ရုံပါပဲ။

နေ့လည်ခင်းမှာ ဦးလေးချန်က ခဏလောက်အနားယူလိုက်ပြီး မောင်းထွက်သွားခဲ့တယ်။ ချောင်လန်က အခုချိန်ထိ တိတ်ဆိတ်နေသေးတဲ့ ထန်းမော့အခန်းကို တစ်ချက်ကြည့်လိုက်တယ်။ ထန်းမော့က ဟိုနေ့က သူဆက်လို့မပြီးသေးတဲ့ ပုံကို ဆက်လုပ်နေတာကို တွေ့လိုက်ရတယ်။ ခဏလောက်တွေးနေပြီးတော့ သူမ တစ်ခုခုလုပ်စားချင်လာတယ်။ အဲ့တာကြောင့် သူမက မီးဖိုချောင်ထဲကို ဝင်သွားပြီး ဘာလုပ်ရမလဲဆိုတာ စတွေးနေတယ်။

ထန်းမော့အခန်းက သိပ်မကြီးဘူး။ ၁၄၅ စတုရန်းမီတာလောက်ပဲ ရှိတယ်။ ပြီးတော့ အခန်းက အရမ်းတိတ်ဆိတ်တယ်။ ထန်းမော့က အခန်းထဲမှာ ထိုင်နေရင်းနဲ့တောင် ချောင်လန် ရေခဲသေတ္တာဖွင့်လိုက်တဲ့ အသံကိုကြားနေရတယ်။ သူမက တစ်ခုခုစားဖို့ ရှာနေတာပဲ နေမှာ။

ထန်းမော့က သူ့ရှေ့က စာအုပ်ကိုခဏလောက် စိုက်ကြည့်နေတယ်။ ပြီးတော့မှ သူက wheelchair ကိုရွှေ့လိုက်ပြီး အခန်းထဲကနေ ထွက်လာလိုက်တယ်။

ဖီးဖိုချောင်ထဲကို ဖြေးဖြေးချင်းဝင်လာတော့ ချောင်လန်က အန်တီချန်ပုံမန်ဝတ်နေကျ အေပရွန်ကို ဝတ်ထားတာကို ထန်းမော့တွေ့လိုက်ရတယ်။ သူမက ဖုန်းကိုလဲကိုင်ထားပြီး တစ်ခုခုကို ရှာနေတဲ့ပုံပဲ။ ချောင်လန် ခေါင်းကိုလှည့်လိုက်လိုက်ချင်းမှာပဲ သူမထန်းမော့ကို တွေ့သွားတယ်။

" ဒါက နင့်ကို အနှောင့်အယှက်ဖြစ်စေလား " ချောင်လန်က ဖုန်းကိုအောက်ချလိုက်တယ်။ " ငါ နည်းနည်းလောက် ပိုတိုးတိုးလေး လုပ်ပေးရမလား။ "

" မဟုတ်ဘူး " ထန်းမော့က ချောင်လန့်အေပရွန်ကို စိုက်ကြည့်နေတယ်။ အန်တီချောင်က အဲ့တာကို နေ့တိုင်းနေ့ဝတ်နေတာပဲ။ ထန်းမော့က ဘယ်တုန်းကမှ အာရုံမစိုက်ခဲ့ဖူးပါဘူး။ ဒါပေမဲ့ အခု အဲ့တာကို ဝတ်ထားတဲ့လူက ချောင်လန်ဖြစ်နေတယ်လေ။ အဲ့တော့ ထန်းမော့က မျက်လုံးတွေကို မရွေ့နိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ ရုတ်တရက်ကြီး အရင်ကလိုပဲ သူ မဖော်ပြတက်တဲ့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလာရတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now