အပိုင်း(၇၀)

Mulai dari awal
                                    

အဲ့ဘဏ်ကဒ်ထဲကို ပိုက်ဆံနည်းနည်းလောက်ပိုထည့်ပေးလိုက်တာ မျိုးပေါ့။

ဒါပေမဲ့ ချောင်လန်က အရင်ကလိုကြီး စိတ်ဆိုးသွားမှာကိုလဲ သူစိုးရိမ်နေတယ်။ ဒီကိစ္စ၂ခုက မတူပေမဲ့ သူတို့မှာက ဆင်တူနေတာတွေ ရှိနေတာပဲလေ။

ချောင်လန်က အခုထိ စကားမပြောသေးဘူး။ ပြီးတော့ ထန်းမော့ကလဲ သူမဘာတွေစဥ်းစားနေတာလဲဆိုတာကို မခန်းမှန်းနိုင်ဘူး။ ချောင်လန်က ဘာမှမပြောတော့ ထန်းမော့စိတ်တွေက လျှောက်တွေးနေပြန်ပြီလေ။ သူမစိတ်ဆိုးသွားတာလား။ သူမက သူ့ကိုလျစ်လျူရှုထားတော့မှာလား။

သူက အကြောင်းပြချက်တစ်ခုကို မတွေးမိခင်မှာပဲ သူရင်းနီးနေတဲ့ ချောင်လန့်ရဲ့အသံလေးက ထန်းမော့နားထဲကို ဝင်ရောက်လာတယ်။

" ကျေးဇူးပဲ "

ထန်းမော့က အနေရခက်စွာ လိမ်နေတယ်ဆိုတာကို ချောင်လန်မြင်နိုင်နေပေမဲ့ ထန်းမော့က ဘာလို့ဒီလိုလုပ်ခဲ့တာလဲဆိုတာကို မသိနိုင်လောက်တဲ့အထိတော့ သူမက မတုံးသေးပါဘူး။

တစ်ကယ်လို့ သူမက အရင်တစ်ခေါက်ကလို ထန်းမော့ကို တည့်တိုးကြီးပြောလိုက်မယ်ဆိုရင် အဲ့တာက သူမတို့၂ယောက်လုံးကိုပဲ မပျော်ရွှင်စေမှာ မဟုတ်ဘူးလား။

လူတွေက အမြဲတမ်း ကောင်းတဲ့စိတ်နဲ့ မကောင်းတဲ့စိတ်ကို ခွဲခြားနားလည်တက်ရမယ်လို့ ချောင်လန် ခံစားမိတယ်။

ကမ္ဘာပေါ်မှာ မင်းကို ကောင်းကောင်းဆက်ဆံပေးမဲ့လူတွေ ရှိတယ်။ အဲ့တာကြောင့် ဒီလိုစိတ်ကောင်းစေတနာကို ဖျက်ဆီးနိုင်မဲ့ အရာတွေကို ဂရုမစိုက်တာပဲကောင်းတယ်။

ထန်းမော့က သူမအတွက် ဒီလောက်အများကြီးလုပ်ပေးခဲ့တာ။ အဲ့တာကြောင့် သူမကလဲ ဒီဟာအတွက်နဲ့ သူ့ကို အပြစ်မတင်ရက်ဘူးလေ။

အခုချောင်လန် လုပ်သင့်တာက အဲ့နေ့က ထန်းမော့ဘာဖြစ်တာလဲဆိုတာကို စုံစမ်းရမှာ မဟုတ်ဘူး။ အဲ့တွက် ကျေးဇူးတင်ရမှာလေ။ ပြီးတော့ ထန်းမော့အတွက်ပိုကောင်းအောင် ဘာလုပ်ရမလဲဆိုတာကို စဥ်းစားသင့်တာ။ အဲ့တာမှ ကောင်လေးရဲ့ စိတ်ကောင်းစေတနာတွေကို တုန့်ပြန်ရာ ကျမှာလေ။

ဗီလိန်ရဲ့ လမ်းပြကြယ်Tempat cerita menjadi hidup. Temukan sekarang