အပိုင်း(၆၇)

Start from the beginning
                                    

ဒီမှာလဲ စုန့်ယောင်က စာအုပ်ထဲကနဲ့ တစ်ပုံစံထဲပဲ။ သူမက ကြည်နာတက်ပြီး ရိုးရှင်းတဲ့ ယုန်ဖြူလေးလို ဇာတ်လိုက်မပဲ။ အဲ့တာကြောင့် စာအုပ်ထဲမှာ ထန်းမော့ကိုအားလုံးကဝိုင်းအနိုင်ကျင့်ကြတော့ စုန့်ယောင်ကထန်းမော့ကို ကူညီပေးခဲ့တယ်လို့ ရေးထားတာက လုံးဝကျိုးကြောင်းမသင့်လျော်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ သူမကဒီထဲကို ကူးပြောင်းလာပြီး ထန်းမော့ကို အရင်ဂရုစိုက်ပေးခဲ့တာကြောင့်လားတော့ ချောင်လန်မသိဘူး စုန့်ယောင်မျက်လုံးထဲမှာ အစကနေအဆုံးထိ ချန်ယောင်းရန်တစ်ယောက်ထဲပဲ ရှိနေခဲ့တယ်။ ပြီးတော့ ထန်းမော့ကိုလဲ ဂရုမစိုက်ခဲ့ဘူး။

ဒါပေမဲ့ ဒါကအရေးမကြီးပါဘူး။ အရေးအကြီးဆုံးက ထန်းမော့ရဲ့ အခြေအနေပဲ။

ထန်းမော့က Asperger ရောဂါရှိပြီး အောက်ပိုင်းလဲသေနေတယ်ဆိုပေမဲ့ ဒီအကြောင်းရင်း၂ခုလုံးက ထန်းမော့ရဲ့ သေဆုံးခြင်းကို ဖြစ်စေခဲ့မှာ မဟုတ်ဘူး။ ထန်းမော့သေဆုံးရခြင်းက ပြင်းထန်တဲ့ စိတ်ကျရောဂါကိုခံစားခဲ့ရတာမလို့ပဲ။ အဲ့တာကပဲ ထန်းမော့ကိုသေကြောင်းကြံစည်စေခဲ့တာ။

အစကတော့ ထန်းမော့ပေါ် ချောင်လန့်ရဲ့စိုးရိမ်ပူပန်မှုက သူမရဲ့ဒီဇာတ်ကောင်ပေါ်ထားတဲ့အချစ်ကြောင့်ရယ်၊ ပြီးတော့ ထန်းမော့အပေါ်သနားတာကြောင့်ရယ်လေ။ ဒါပေမဲ့အခုတော့ သူမပြန်စဥ်းစားကြည့်လိုက်တဲ့အချိန်မှာ ချောင်လန်က ထန်းမော့ကိုစောင့်ရှောက်ရတာကို သူမရဲ့ကိုယ်ပိုင်တာဝန်လို့ အမြဲတစေမှတ်ယူနေမိတာပဲ။

ဘာလို့လဲဆိုတော့ သူမ ဒီကောင်လေးကို ကူညီပေးတဲ့အခါတိုင်း သူက သူမကို အများကြီးပြန်ပေးခဲ့တာမလို့လေ။

----------

ထန်းမော့က သူ့ခြေထောက်နဲ့ပတ်သက်တဲ့အကြောင်းမှန်သမျှကို အစမဖော်ခိုင်ဘူး။ တစ်ခါတစ်လေ ဆေးရုံတို့ ကုသမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေဆို သူကအမြဲတမင်သက်သက် ငြင်းပယ်ပစ်တယ်။ ဒါကိုမြင်ရတော့ ချောင်လန်လဲ သူ့ကိုအတင်းကြီးမပြောခိုင်းရက်တော့ဘူး။

ဒါပေမဲ့ Asperger ရောဂါကိုကုသဖို့က နည်းလမ်းမရှိဘူး။ ပြီးတော့ ထန်းမော့က သူ့ခြေထောက်ကိစ္စကိုလဲ မပြောစေချင်ဘူး။ depression ကိုတော့ အခုလတ်တလောတော့ ချောင်လန် အဲ့လိုလက္ခဏာတွေတစ်ခုမှ မတွေ့ရသေးဘူး။ ဒါပေမဲ့ သူ့ကြည့်ရတာ ကိုယ်လိုရာဆွဲတွေးတက်ပြီး ဂယောင်ခြောက်ခြားတွေဖြစ်တက်သလိုပဲ။ ဒါတွေက depression ကိုဦးတည်သွားနိုင်ချေများတယ်။

ဗီလိန်ရဲ့ လမ်းပြကြယ်Where stories live. Discover now