♡ 9 ♡

263 51 24
                                    


နေကောင်းသွားပြီမို့ ဒီနေ့တော့ ကျောင်းသွားရပြီဖြစ်သည်။နေမကောင်းဖြစ်တုန်းကဦးကလည်း သူ့ဆီလာပြီး အနားမှာနေကာ ဘာစားချင်လဲ ဘာလိုချင်လဲ မေးကာဒီတစ်လျှောက်လုံးအတူရှိနေပေးသည်။

ဦးငယ်ရောက်လာပြီဆိုတော့ ဦးကကျောင်းလိုက်ပို့ပေးလို့မရတော့ပါ။အဟင့် ဦးနဲ့အတူကျောင်းသွားချင်တယ်လို့။

" ဟွန်းငယ်ကျောင်းရောက်ပြီလေ "

" ဟုတ် တာ့တာနော် ဦးငယ် "

" အင်း တာ့တာ "

ဟွန်းငယ်ကျောင်းထဲထိ ဝင်သွားသည်ကိုကြည့်ပြီးမှ ဘက်ခ်ဟျွန်းလည်း ကားမောင်းလိုက်တော့သည်။အလုပ်မသွားခင် ချန်းယောလ်ဆေးရုံကိုလည်း ခဏဝင်ရသေးသည်။

သကောင့်သားလေးက ပြန်ရောက်ရင် ဆေးရုံကိုလာခဲ့ပါဦးတဲ့လေ။ကောက်ဖီနှစ်ခွက်ဝယ်ကာ သွားတော့ လူနာတွေရှိသေးတာမို့ စောင့်ရသေးသည်။

" ကျွန်တော်ရောက်လာပါပြီ ဒေါက်တာခင်ဗျ ပြောစရာရှိတယ်ဆိုတာဘာများလဲခင်ဗျ "

ချန်းယောလ်ကတော့ ကောက်ဖီခွက်ကိုယူကာ မျက်နှာမဲ့ပြလိုက်သည်။အပိုတွေလာလုပ်ပြနေတယ် ဒီကစကားအကောင်းပြောမလို့ ဟာကို။

" အပိုတွေလုပ်မနေနဲ့ …… မနက်ဖြန် ငါ့မွေးနေ့ အဲ့တာ မင်းတို့နဲ့အတူ အပြင်သွားချင်လို့ အဲ့တာပြောမလို့ ဂျုံအင်ကလည်း အပြင်သွားမှာသဘောတူတယ် "

"မင်းမွေးနေ့တောင်ရောက်လာပြီလား စောစောကမပြောဘူးကွာ "

" စောစောကမပြောရအောင် မင်းတို့ကငါ့မွေးနေ့ကိုသိသင့်တယ်လေ နေစမ်းပါဦးစောစောကပြောရင် ဘာလုပ်မလို့လဲ "

" ဟာ  နိုင်ငံခြားက လက်ဆောင်ဝယ်လာမှာပေါ့ကွ … နိုင်ငံခြားဖြစ်တောင်ရမှာနော် အခုမင်းဘာမှမရတော့ဘူး "

သောက်ကောင် ဆဲလိုက်ရရင်ငါ့အပြစ်ကဖြစ်ဦးမယ် နိုင်ငံ့ခြားကပစ္စည်းများ လှမ်းမှာပေးလည်းရနေတာကို သောက်ပိုကလုပ်ပြန်ပြီ။

" ပြန်တော့မင်း … အလုပ်ရှိသေးတယ်မလား "

" အခုတော့နှင်ပြီပေါ့ အေးပြန်ပြီ လက်ဆောင်ကတော့ နောက်နှစ်မှယူတော့ "

BELOVED [ Completed ]Where stories live. Discover now