♡ 8 ♡

285 52 12
                                    


ဂျုံအင် ဟွန်းငယ်တို့အိမ်ရှေ့မှာရပ်နေတာကြာပြီဖြစ်သည်။မနေ့ညတည်းက ဟွန်းငယ်အတွက်စိတ်ပူနေသည်မို့ တစ်ညလုံးလည်းအိပ်လို့မပျော်ပါ။ စိတ်ပူနေရသည်မို့ မနက်အစောတည်းက ဟွန်းငယ်အကြိုက်လေးတွေဝယ်ကာ အိမ်ရှေ့မှာစောင့်နေမိသည်။

အထဲဝင်ဖို့ကလည်း စောနေသည်မို့ မဝံ့မရဲတော့ဖြစ်နေမိသည်။

ဒေါက် ဒေါက် !!

ဘေးကမုန့်ထုတ်တွေယူနေရင်း ကားမှန်ကို အစ်ကိုရီရှင်းကလာခေါက်သည်မို့ ခါးပတ်ချွတ်ကာ ကားပေါ်ကအမြန်ဆင်းလိုက်သည်။

" ဂျုံအင်လို့ထင်နေတာ မမှားဘူးဘဲ အစောကြီးပါလား … ဟွန်းငယ်ကိုလာတွေ့တာလား "

" ဟုတ်ကဲ့ ဟွန်းငယ်ရောအဆင်ပြေရဲ့လားဟင် … ကျွန်တော့အပြစ်လည်းမကင်းဘူးထင်လို့ … အဲ့ဒါ "

အစ်ကိုရီရှင်းက ခေါင်းငြိမ့်ပြလာကာ

" ဟွန်းငယ်က မနေ့ညတည်းက ဖျားနေတယ် … မင်းအစ်မဆူဟိုကတော့ ဘေးနားမှာကြည့်ပေးနေတယ် "

" ဗျာ … ဟွန်းငယ်ဖျားနေတာလား? "

ဟွန်းငယ် ကိုစိတ်ပူနေသည်စိတ်က ပို၍တောင်တရိပ်ရိပ်တိုးလာသည်။ ကလေးက ဘယ်လောက်တောင်ကြောက်သွားလို့ ဖျားသည်အထိတောင်ဖြစ်လာရတာပါလိမ့်။

" ဟွန်းငယ်အကြိုက်တွေဘဲ … အထဲဝင်သွားလိုက်လေ ဂျုံအင် အစ်ကိုကတော့ ယောက်ဖကိုသွားကြိုလိုက်ဦးမယ် "

ဂျုံအင် လည်းအစ်ကိုရီရှင်းကိုနှုတ်ဆက်ကာ အထဲကိုဝက်လာလိုက်သည်။အရင်တစ်ခါ လာတည်းက မှတ်မိနေတဲ့ ဟွန်းငယ်အခန်းကိုမဝင်ခင် တံခါးအရင်ခေါက်လိုက်သည်။

အစ်မဆူဟိုက တံခါးလာဖွက့်ပေးကာ အထဲဝင်စေသည်။ကုတင်ပေါ်မှာတော့ ဟွန်းငယ်က အိပ်နေတုန်းပင်။နဖူးပေါ်မှာလည်း ရေစိုဝတ်တင်ထားသေးသည်။နှုတ်ခမ်းမှာလည်းဖြူဖျော့ကာ မျက်နှာလေးလည်းနွမ်းလို့နေသည်။

ပါလာတဲ့အထုတ်တွေကို ဘေးကစားပွဲခုံပေါ်ချကာ အိပ်ယာပေါ်ထိုင်ပြီး ဟွန်းငယ်ပါးကိုစမ်းကြည့်မိသည်။အပူချိန်က ပိုပြီးပူနေသည်။

BELOVED [ Completed ]Where stories live. Discover now