♡ Final ♡

510 47 24
                                    


ကျောင်းပိတ်တဲ့နေ့ အပြင်လည်းလျှောက်မလည်ချင်တာမို့ ဦးအိမ်ကို လိုက်လည်မယ်လုပ်ထားပေမယ့်လည်း ဒိုဘယ်ပြောထားတဲ့ ချိန်းပွဲကိုသတိရသွားသည်ကြောင့် ဦးကိုနေ့ခင်းမှလာခေါ်ခိုင်းလိုက်ပြီး ဒိုဘယ်ကိုတော့ အခု phဆက်ကာလာခေါ်ခိုင်းလိုက်သည်။

" မေမေ ဟွန်းငယ် ဒိုဘယ်နဲ့ အပြင်သွားလိုက်ဦးမယ်နော် "

" ဘယ်ကိုသွားမလို့လဲ ? "

" သွားပြီ "

ဆူဟိုပြောစကားကိုနားမထောင်တဲ့ ဟွန်းငယ်ကတော့ ထွက်သွားလေပြီဖြစ်သည်။ဆူဟိုလည်း ဂျုံအင်ဆီ phဆက်ပြောရသည်။ဟွန်းငယ်က ဂျုံအင်စကားဆိုနားထောင်သည်မလား။

" ဟုတ်ကဲ့ အစ်မဆူဟို ဟွန်းငယ်ကိုကျွန်တော်ပြောလိုက်ပါ့မယ် "

နေ့ခင်းလောက်ကို လာခေါ်ပါလို့ ကလေးကပြောထားတာမို့ အိမ်မှာအဒေါ်ကြီးနဲ့အတူ ပြင်ဆင်နေရင်း အစ်မဆူဟိုက ကလေးအပြင်ထွက်သွားကြောင်းပြောလာသည်။ ဒိုဘယ်နဲ့အတူထွက်သွားတာဆိုတော့ ဂိမ်းကစားဖို့ကလွှဲဘာမှမဖြစ်နိုင်။

ph ဆက်သော်လည်းမကိုင် ။ဒီတစ်ခါလည်း ချိန်းပွဲဘဲလားမသိ။ ဂိမ်းချစ်သူလေးကို ဖမ်းဖို့ ဂျုံအင်လည်းကားသော့ဆွဲကာ ထွက်လာရတော့သည်။

ဒိုဘယ်ဆီ ph ခေါ်တော့လည်း မကိုင်ပြန်။ ကားမောင်းရင်းလည်း ကလေးဆီခေါ်နေပေမယ့်လည်း လူကြီးမင်းနဲ့သာတိုးနေသည်။ကလေးနဲ့စတွေ့တုန်းက  ဂိမ်းဆိုင်လေးကိုသတိရသွားသည်မို့ ထိုဂိမ်းဆိုင်ကိုသာ မောင်းရတော့သည်။

ဂိမ်းဆိုင်နားရောက်တော့ ကားထဲကနေ အပြင်ကြည့်မိတော့တွေ့ပါပြီ ။ ကလေးကိုရော ဒိုဘယ်ကိုရော ဘေးနားက ကောင်လေးတွေအုပ်စုနဲ့ ဘယ်ကိုသွားကြပြန်ဦးမလဲမသိ။

ကားထဲကနေကြည့်နေရင်း ကလေးကph ကိုထုတ်လိုက်သည်။ဂျုံအင်ခေါ်ထားသည်ကို မြင်သွားသည်ဖြစ်မည်။ဘေးကဒိုဘယ်လက်မောင်းကို ရိုက်ပြီး ပြောနေသည်။

Ph ဆက်နေသည်ပုံမြင်တာကြောင့် ph ကိုယူကာကြည့်လိုက်တော့ ကလေးကph ဆက်လာသည်။

" ဦး ! ကလေးဆီ ph ခေါ်ထားတာအများကြီးဘဲ ဘာလို့လဲဟင် ကလေးကိုလွမ်းလို့လား "

BELOVED [ Completed ]Where stories live. Discover now