♡ 2 ♡

447 62 26
                                    


ဂျုံအင်မှာ အခန်းထဲကို အသံကျယ်ကျယ်လေးနဲ့ဝင်လာသော အထက်တန်းကျောင်းသားလေးကို ကြောင်ပြီးကြည့်နေမိသည်။ကောင်လေးကလည်း သူ့ကို မျက်လုံးလေးပြူးကာကြည့်နေလေရဲ့။ နောက်မှ ခုဏက
" ဦးဦး ချန်းယောလ်ရေ ဟွန်းငယ် လာတယ် !! "
ဆိုတဲ့ စကားကိုပြန်စဉ်းစားရင်း ဘက်ခ်ဟွန်းတူလေးမှန်းသိတော့သည်။

" ဟွန်းငယ်လား ~~ "

ဟွန်းငယ်က တော်တော်တောင်ကြီးလာပြီဘဲ။သူမှာမှတ်တောင်မမှတ်မိ ဟွန်းငယ်ကတော့ သူ့ကိုသိတော့မည်မထင်။ နာမည်လေးခေါ်မိတော့ အူကြောင်ကြောင်မျက်နှာလေးဖြင့် ပြန်လှည့်လာကာ

" ဦးက ဟွန်းငယ်ကို သိလို့လားဟင် ! "

ဟောဗျာ အဲ့ဒါသာကြည့် သူ့ကိုမမှတ်မိပါ။သိလို့လား ဟင် တဲ့လေ။ ကလေးက သူပြောမည့်စကားကိုနားစွင့်နေလေသည်။

" သိတာပေါ့ ဦးက … "

" ဟွန်းငယ် အထဲမဝင်ဘဲအပေါက်ဝရှေ့ဘာရပ်လုပ်နေတာတုန်း "

ဘယ်သူဘယ်ဝါဖြစ်ကြောင်း ပြောဖို့လုပ်နေရင်း အနောက်ကနေ ချန်းယောလ်ကရောက်ချလာသည်။ကလေးကို လက်ဆွဲကာ ခုံဆွဲပေးရင်း ခုံမှာထိုင်စေသည်။ကလေးကတော့ ကြောင်ကြည့်နေတုန်းပင်။

" ဦးဦးချန်းယောလ် … သားကလေ ဦးဦးချန်းယောလ်ကိုမတွေ့လို့အခန်းမှားလာတယ်ထင်နေတာ မမှားဘူးဘဲ ဟီး … "

ချန်းယောလ်ကို သွားစွယ်လေးများ ပေါ်သည်အထိ ရယ်မောနေသော ဟွန်းငယ်က ချစ်စရာလေးပင်။သူ့ဘက်ကိုလည်း လှည့်လာကာ ထိုအတိုင်းပင်ပြုံးပြလာသည်။
ဟွန်းငယ်ကတော့ သူ့ကိုမသိသည်မို့ စကားမပြောဘဲ ချန်းယောလ်နဲ့သာ စကားများနေလေသည်။

" ဟွန်းငယ် ရေ … "

" ဗျာ ! "

ဘက်ခ်ဟျွန်းခေါ်တော့ အခန်းအပေါက်ဝဘက်လှည့်ကာ ထူးသံလေးကိုက အသံလေးကတစ်မျိုးဖြစ်နေသည်။သူ့ဦးငယ်ကတော့ ဟွန်းငယ် အခန်းမှားရောက်နေမည် စိုးရိမ်နေပေမယ့်  ဟွန်းငယ်ကတော့ အခန်းကိုတည့်တည့်မတ်မတ်သာဝင်လာတော့သည်။

မှာထားသောအစားအသောက်များအပြင် ဟွန်းငယ်အကြိုက်ကို မေးရင်း ဂျုံအင်မှာ စားပွဲထိုးကို ထပ်တောင်းမှာလိုက်သည်။မှာပြီးတော့ ဘာကိုအလိုမကျသည်လဲမသိ ဘေးနားမှာထိုင်နေတဲ့ ဘက်ခ်ဟျွန်းကို နှုတ်ခမ်းဆူကာ တစ်ခုခုတောင်းနေပုံရသည်။

BELOVED [ Completed ]Where stories live. Discover now